Main menu

Background

ငွေလဲနှုန်းများ ဆက်လက်မြင့်တက်လာ

Wed, 02/25/2015 - 19:19 -- journal_editor

အတွဲ(၁၅)အမှတ်(၈)

      ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း က မြင့်တက်ခဲ့သည့် မြန်မာ့ငွေလဲနှုန်း များသည်    ယခုတစ်ပတ်တွင်လည်း ဆက်လက်မြင့်တက်လာခဲ့ကြောင်း ငွေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အမေရိကန်ဒေါ်လာတန်ဖိုးများ ခိုင်မာလာမှုကြောင့် ငွေလဲနှုန်းများ မြင့် တက်လာရခြင်းဖြစ်သည်ဟု   ငွေဈေး ကွက်အတွင်း  ဝယ်ရောင်းလုပ်နေသူ များက ဆိုသည်။
''ပြည်တွင်းက ငွေတန်ဖိုး ကျလာ တာရယ် အမေရိကန်ဒေါ်လာရဲ့တန်ဖိုး က ခိုင်မာလာတာရယ်ကြောင့် ခုလို ငွေ လဲနှုန်းတွေ   မြင့်တက်လာရတာပါ။ ဒေါ်လာဈေး  နည်းနည်းမြင့်တက်လာ ပေမယ့်လည်း ဈေးကွက်ထဲမှာတော့ အရောင်းအဝယ်က  ပုံမှန်အတိုင်းပါပဲ။ ဈေးက အများကြီး  မြင့်တက်လာတာ မဟုတ်တဲ့အတွက်  အရင်နှစ်ဆန်းပိုင်း တုန်းကလိုမျိုး ဖြစ်လာလိမ့်မယ်လို့တော့ မထင်ပါဘူး။ အဲဒီတုန်းက ရွှေဈေးက အများကြီးကျသွားတာဆိုတော့ ရွှေမှာ မကိုက်တဲ့သူတွေက   ဒေါ်လာဘက်ကို လှည့်လာကြတာပါ။ ခုကတော့ အဲဒီလို ဖြစ်မလာနိုင်သေးပါဘူး''ဟု   ငွေဈေး ကွက်အတွင်းမှ ကိုဦးက ဆိုသည်။
သိမ်ဖြူ ငွေလဲဈေးကွက်အတွင်း တွင် ဖေဖော်ဝါရီ ၁၆ ရက်က ရောင်း ဈေး ၁၀၃၄ ကျပ်၊ ဝယ်ဈေး ၁၀၂၄ ကျပ် ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ရောင်း ဈေး ၁၀၃၄ကျပ်၊ ဝယ်ဈေး ၁၀၂၉ ကျပ် ရှိခဲ့သည်။
ပြင်ပငွေလဲစင်တာများတွင် ဖေ ဖော်ဝါရီ ၁၆ရက်က ရောင်းဈေး ၁၀၃၆ ကျပ်၊ ဝယ်ဈေး ၁၀၃၂ကျပ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ရောင်းဈေး ၁၀၃၇ကျပ်၊ ဝယ်ဈေး ၁၀၃၃ ကျပ်သို့   မြင့်တက်ခဲ့ သည်။                               
 မယ်သီတာ