Main menu

Background

ပြည်တွင်းငွေလဲနှုန်းများ အတက်အကျကြမ်းလာ

Wed, 06/17/2015 - 19:02 -- journal_editor

   ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ဆက်တိုက်မြင့်တက်ခဲ့သည့် ငွေလဲနှုန်း များသည် ယခုတစ်ပတ်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁၂၅၅ကျပ်အထိ အမြင့်ဆုံး နှုန်းကိုရောက်ရှိခဲ့ပြီး ပြန်လည်ကျ ဆင်းခဲ့ သည်။ ပြည် တွင်းငွေလဲနှုန်းများ အဆ မတန် မြင့်တက်လာခြင်းကြောင့် အခြေခံစားကုန်ဈေးနှုန်းများ ရုတ်ခြည်းမြင့်တက် လာခဲ့သည်။ ထို့ပြင် မြန်မာ့ရွှေဈေးမှာလည်း ငွေလဲနှုန်းမြင့်တက်မှုကြောင့် ကျပ်ရှစ် သိန်းအထိ အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့သည်။
''ပြည်တွင်းမှာ ဈေးကစားတဲ့သူတွေကြောင့် ခုလို ဈေးတွေက ဆက်တိုက် မြင့်တက်လာရတာပါ။ ဘဏ်တွေကိုယ်တိုင်က ဒေါ်လာကို ရောင်းမပေး နိုင်တော့ ဒေါ်လာလိုအပ်တဲ့သူတွေက အပြင်မှာပဲ လိုက်ဝယ်နေကြတယ်။ အဲလိုမျိုးတွေ ကြောင့် ဈေးကတက်လာရတာကို ဗဟိုဘဏ်ကလည်း မထိန်းချုပ်နိုင်တော့ ဈေးက တက်ပြီးရင်းတက်ဖြစ်နေတယ်။ ခုထက်ထိပဲ။ တချို့ဘဏ်တွေက အရောင်းကိုပိတ် ထားတယ်။ အဝယ်ပဲ လက်ခံတဲ့အခါကျတော့ ဒေါ်လာနဲ့ပေးချေရမယ့်သူတွေအတွက် တကယ်လိုအပ်လာတော့ အပြင်ကနေလိုက်ပြီး ဝယ်နေရတယ်။ အပြင်မှာ ဒေါ်လာ ကို အလုံးအရင်းနဲ့လိုက်ဝယ်တဲ့ အခါကျတော့ ဈေးက လိုသလို တက်လို့ရနေပြီ ပေါ့။ ဈေးကွက်ထဲမှာ ရောင်းလိုအားထက်ဝယ်လိုအားက များလာတဲ့အတွက် ဈေး တက်လာရတဲ့ သဘောပါပဲ''ဟု ပြင်ပငွေဈေးကွက်အတွင်း ရောင်းဝယ်နေသူတစ်ဦး က ဆိုသည်။
ရက်ပိုင်းအတွင်း တစ်ဒေါ်လာလျှင် ၆၆ ကျပ်အထိ မြင့်တက်သွားခဲ့သည့်နှုန်း  ထားသည် ပြည်တွင်းငွေလဲဈေးကွက်ပျက်မည့်အနေအထားပင်ဖြစ်ကြောင်း ဈေး ကွက်ကျွမ်းကျင်သူတို့က သုံးသပ်ကြသည်။
ဗဟိုဘဏ်မှလည်း ဇွန် ၁၂ရက်အတွက် ရည်ညွှန်းငွေလဲနှုန်းကို ၁၁၀၅ကျပ်ဟု သတ်မှတ်ထားသဖြင့် ငွေလဲစင်တာများတွင် ရောင်းဈေး ၁၁၁၃ ကျပ်၊ ဝယ်ဈေး ၁၁၁၁ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသည်ဟု ဆိုသော်လည်း တကယ်တမ်းတွင်မူ အောက်ဈေးဖြင့်သာ ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။       

မယ်သီတာ