Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်တွင် ဧပြီလ ၁ ရက်နေ့မှ စတင်၍ Weigh Bridge ESifU X-Ray Machineအသုံးပြုတော့မည်

Tue, 03/31/2015 - 19:34 -- journal_editor

အတွဲ(၁၅)အမှတ်(၁၃)

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် မြဝတီကုန်သွယ်ရေးဇုန်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလက တည်ဆောက် ခဲ့သောWeigh Bridge မှာ ပြီးစီးပြီဖြစ်၍ ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင် ပြီး ချိန်တွယ်မှုလုပ်ငန်းများစတင်တော့ မည်ဟု သတင်းရရှိသည်။
ဧပြီလ ၁ ရက်နေ့မှစ၍ uty  ဆောင်သောကားတိုင်း ကတ္တားတွင်ချိန် တွယ်ရမည်ဖြစ်ပါသည်။ ချိန်တွယ်ခနှုန်း ထား များကို မတ်လ ၃ ရက်နေ့ကပြုလုပ် သော ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော် မတီအစည်းအဝေးမှ သဘောတူဆုံးဖြတ် ထားသော နှုန်းထားများမှာ ယာဉ်+ကုန် အလေးချိန် ၁၀ တန်အထိ ၁၀၀၀ကျပ်၊ ၁၁တန်မှ တန် ၂၀အထိ ၁၅၀၀ ကျပ်၊ ၂၁တန်မှ တန် ၃၀ အထိ ၂၀၀၀ ကျပ်၊ ၃၁ တန်မှ တန် ၅၀ အထိ ၂၅၀၀ ကျပ် နှင့် တန် ၅၀ အထက်ကို ၃၀၀၀ ကျပ်ဖြင့် အသီးသီးကောက်ခံသွားမည် ဟု သိရသည်။
Weigh Bridge မှ ကုန်စစ်စင်သို့ သွားရန်လမ်းအား မကြာမီ ဖောက်လုပ် တော့မှာ ဖြစ်တဲ့အတွက် ကုန်တင်ယာဉ် အနေနဲ့ ကတ္တားတက်ပြီး နောက်ပြန် ဆုတ်ပြီးမှ ကုန်စစ်စင်သို့ သွားရောက်ရ မှာ ဖြစ်ရာ အခက်အခဲအနည်းငယ်တော့ ရှိနိုင်ကြောင်းနဲ့ လမ်းပြီးသွားပါက အဆင်ပြေသွားမှာဖြစ်ကြောင်း စခန်း တာဝန်ခံက မတ်လ ၂၁ ရက်က ကျင်းပ တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်း အဝေးမှာ Weigh Bridge နဲ့စပ်လျဉ်းပြီး အသိပေးခဲ့ကြောင်း သတင်းရရှိပါသည်။
အကောက်ခွန်ဦးစီးဌာနမှ ပြည် နယ်ဦးစီးမှူးကလည်း  X-ray machine  ကို ဧပြီလ ၁ ရက်နေ့မှ စတင် လည်ပတ် တော့မည်ဖြစ်ကြောင်းနဲ့ X-ray  စက်နဲ့ စတင်စစ်ဆေးစဉ် တင်ဆောင်လာသော ပစ္စည်းအပို/အလွဲများကို ဧပြီလ ၁၀ ရက်နေ့ထိ ပညာပေးကာလအဖြစ် သတ်မှတ်ပေးထားပြီး ပြန်လည် ဂျူတီဆောင်ခွင့်ပြုပေးမည်ဖြစ်သော်လည်း ဧပြီလ ၁၀ ရက်နောက်ပိုင်း အပို/အလွဲ များအား အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ၊ အပို/အလွဲများအား ရာခိုင်နှုန်းအလိုက် AV တန်ဖိုးသတ် မှတ်သွားမှာ ဖြစ်ကြောင်း၊ X-ray  ချိန်တွယ်ရန် ဝင်ရောက်လာသော ကား များမှာအမြင့်ပေ ၄၀ ထိသာ ဝင်ရောက် နိုင်မည်ဖြစ်ကြောင်း၊ တစ်နာရီကို အလုံး ၄၀၀ ခန့် စစ်ဆေးနိုင်မည်ဟု ခန့်မှန်း ထားကြောင်း၊ ကုန်သည်လုပ်ငန်းရှင် များသိရှိထားရန်မှာ ကားပေါ်မှ တင် ဆောင်လာသောပစ္စည်းများကို ကြေညာပြီးမှ အခွန်ဆောင်ရမှာဖြစ် ကြောင်း ကုန်သည်လုပ်ငန်းရှင်များ အား အသိပေးပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
 MIRT (DCCA )