Main menu

Background

အမေရိကန်နိုင်ငံသို့ သွားရောက်မည့်သူများ ဗီဇာနှစ်မျိုးကို တစ်ပေါင်းတည်းလျှောက်ထားနိုင်

Wed, 08/21/2019 - 13:15 -- journal_editor

     အမေရိကန်နိုင်ငံသို့ သွားရောက်မည့်သူများအနေဖြင့် လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီးများ အတွက် ခွင့်ပြုသည့် ဗီဇာနှစ်မျိုးကို တပေါင်းတည်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သြဂုတ် ၁၂ ရက် တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့ လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီးအတွက် ခွင့်ပြုသည့် ဗီဇာနှစ်မျိုးကို တပေါင်းတည်း လျှောက်ထားရာတွင် တစ်ကြိမ်လျှင် ပြည်ဝင်ခွင့်ဗီဇာ သုံးလအထိ အကျုံးဝင် မည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ခရီးသွားရာလာတွင် ပိုမိုလွယ်ကူစေရန်နှင့် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သည့် နောက်ထပ်ခြေလှမ်းတစ်ခု ဆောင်ရွက်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြော င်း သိရသည်။ ခွင့်ပြုလိုက်သည့် B1/B2 ပြည် ဝင်ခွင့်ဗီဇာကိုပေါင်း၍ လျှောက်ထားနိုင်ပြီဖြစ်ကာ ဗီဇာရပြီးပါကလည်း ဗီဇာထုတ်ယူရန်အတွက် ဗီဇာကြေး ထပ်ပေးရန်မလိုကြောင်း အမေရိကန်သံရုံးမှ ပြောကြားထားသည်။

    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က “ကျွန်တော်တို့နိုင်ငံနှစ်ခုအကြား ခရီးသွားလာမှု ပိုမိုများပြားလာအောင် တည်ဆောက်တယ့်အနေနဲ့ အခုဆိုရင် သံရုံးအနေနဲ့ မြန်မာနိုင်ငံကနေ အမေရိကန် ပြည်ေ ထာင်စုကို သွားရောက်ရာမှာ ပိုမိုလွယ်ကူ စေဖို့ ပြုလုပ်ပေးလိုက်တာလည်း ဖြစ်ပါတယ်”ဟု ပြောသည်။ ထို့ပြင် အမေရိကန်နှင့် မြန်မာနိုင်ငံအကြား ခရီးသွားလာမှုသည် မကြာသေးမီနှစ်များအတွင်း များပြားလာပြီး ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများအတွက် ပြည်ဝင်ခွင့် ဗီဇာ ၁၄၀၀၀ ခန့် ထုတ် ပေးကာ ၂၀၁၅ ထက် ၄၀ ရာခိုင်နှုန်းတိုးလာကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

 

ချောစု