Main menu

Background

ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ ဆန်တင်ပို့မှုများတွင် ဆန်အရည်အသွေးကို အဓိကထား ဆောင်ရွက်လာ

Fri, 11/29/2019 - 15:59 -- journal_editor

        ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးမွေးမြူ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေးထုတ် ကုန် များ ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ဌာနခွဲ၏ ပြောပြချက်အရ ဗီယက်နမ် ဆန် ထုတ်လုပ်သူများနှင့် ပြည်ပသို့ ဆန် တင်ပို့သူများသည် ဆန်အရည်အသွေး အပေါ် အာရုံစိုက်ရန် လိုအပ်ကြောင်း သိရှိရသည်။ ယခုနှစ်၏ ပထမ ၁၀ လအတွင်း ပြည်ပသို့ ဆန်တင်ပို့ခဲ့သော စုစုပေါင်း ပမာဏမှာ တန်ချိန် ၅ ဒသမ ၅၆ သန်း နှင့် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃  ဘီလီယံ အသီးသီးရှိခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် အလားတူကာလနှင့် နှိုင်း ယှဉ်ပါက ပမာဏအားဖြင့် ၆ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ဖိုးအား ဖြင့် ၉ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း သိရှိရသည်။ ယခုအခါ ဗီယက်နမ်နိုင်ငံ၏ ဆန် ၅ မှတ်သည်  တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၃၅၀ ဈေးနှုန်းရရှိနေပြီး လွန်ခဲ့သောနှစ်လအတွင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်ကြောင်း၊ သို့ရာတွင် ထိုင်းနှင့်အိန္ဒိယဆန်ဈေးနှုန်းများထက် လျော့နည်းနေသေးကြောင်း သိရှိရသည်။

        ဗီယက်နမ်နိုင်ငံက  တရုတ်နိုင်ငံ သို့ နှစ်စဉ် ဆန်တန်ချိန် နှစ်သန်းနှင့် အထက် တင်ပို့ခဲ့မှုနှင့် နှိုင်းယှဉ်ပါက ယခုနှစ်၏ ပထမခုနစ်လအတွင်း တရုတ် နိုင်ငံသို့ ဗီယက်နမ် ဆန်တင်ပို့မှုမှာ တန်ချိန်လေးသိန်း လျော့နည်းခဲ့ကြောင်း သိရှိရသည်။ ကမ္ဘာ့ထိပ်တန်းဆန် အများဆုံး တင်ပို့သည့် နိုင်ငံသုံး နိုင်ငံတွင် ပါဝင် သော ဗီယက်နမ်နိုင်ငံသည် နှစ်စဉ် ပြည်ပသို့ ပျမ်းမျှအားဖြင့် ဆန်တန်ချိန် ငါးသန်းမှ ခုနစ်သန်းအထိ တင်ပို့ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံက ဆန်တန်ချိန်  ၆၂၆၂၀ဝ  ကျော်သာ ရောင်းချနိုင်သည့်အချိန်တွင် ဗီယက်နမ် နိုင်ငံက ဆန်တန်ချိန် ခြောက်သန်းကျော် ကို  ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရ သည်။ ပြည်ပသို့ တင်ပို့သည့် ဈေးကွက် များနှင့်စပ်လျဉ်း၍ ယခုအခါ ဗီယက် နမ်ဆန်ကို တစ်ကမ္ဘာလုံးတွင် နိုင်ငံပေါင်း ၁၅၀ သို့တင်ပို့ခဲ့ကြောင်း၊ ဗီယက်နမ် နိုင်ငံသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့ကဲ့သို့သော ဒေသတွင်းရှိ ဈေး ကွက်များအပြင် အာဖရိကနှင့် အရှေ့ အလယ်ပိုင်းနိုင်ငံများကို ဈေးကွက်များ တိုးမြှင့်ပြီး တိုးချဲ့သင့်ကြောင်း၊ ဖိလစ် ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့ ဆန်စပါးညီလာခံ၂၀၁၉ တွင် ဗီယက်နမ်အော်ဂဲနစ်ဆန်မှာ ကမ္ဘာတွင် အကောင်းဆုံးအဖြစ် သရဖူဆောင်းခဲ့ ကြောင်းနှင့် အဆိုပါအောင်မြင်မှုသည် ဗီယက်နမ်နိုင်ငံ၏ ဆန်အရည်အသွေး တိုးတက်မှုဆီသို့ ကောင်းမွန်သော ပထမ ခြေလှမ်းဖြစ်ကြောင်း သိရသည်။

 

Source;vietnamnews.vn

 ချိုချိုမာ (ရန်ကုန်)