Main menu

Background

မွန်ဂျေအင်းနှင့် အာဘေးတို့ ဒီဇင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံ၌ တစ်ဦးချင်း တွေ့ဆုံမည်

Tue, 12/24/2019 - 14:14 -- journal_editor

      လာမည့်သီတင်းပတ်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တစ်ဦးချင်း တွေ့ဆုံမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်က သမ္မတအိမ်တော်မှ ကြေညာချက်ကို ကိုးကားပြီး ယွန်းဟပ် သတင်း တွင်ဖော်ပြသည်။ ဆွေးနွေးပွဲ သည် အလွန်ထူးခြားလိမ့်မည်ဖြစ်ကြောင်း လည်း ဖော်ပြသည်။ ဇီချွမ်ပြည်နယ်၊ ချန်ဒူးတွင်ပြုလုပ် မည့် ခရစ္စမတ်အကြိုတွေ့ဆုံပွဲသည် ၁၅ လအတွင်း ခေါင်းဆောင်နှစ်ဦးထိပ်သီး ဆွေးနွေးပွဲအဖြစ် ပထမအကြိမ် တွေ့ ဆုံခြင်းဖြစ်ပြီး သမိုင်းနှင့်သက်ဆိုင်သော ပြဿနာမှ ယှက်နွှယ်ပြီး ဆိုးလ်နှင့် တိုကျို တို့ ကုန်သွယ်ရေးတိုက်ပွဲကို ဆင်နွှဲနေ စဉ်ကာလအတွင်း ယခုကဲ့သို့ တွေ့ဆုံခဲ့ ခြင်းဖြစ်သည်။ နှစ်နိုင်ငံ အပြင်အလှန်ဆက်ဆံ ရေးနှင့်ဆိုင်သော ]လက်ကျန်ပြဿနာ များအတွက် သဘောထားများ ဖလှယ်} ရန် စီစဉ်ထားကြောင်း အမျိုးသားလုံခြုံ ရေးအကြံပေး ကင်ချန်ချောင်းက သတင်း ထောက်များကို ပြောသည်။
     "နှစ်ဖက်ဆက်ဆံရေးတွင် ရှိနေ သော အခက်အခဲများအရ ဒီဆွေးနွေးပွဲ က ထူးထူးခြားခြားဖြစ်တဲ့ ဆွေးနွေးပွဲဖြစ် မယ်လို့ ပြောနိုင်ပါတယ်"ဟု သတင်းစာ ရှင်းလင်းပွဲတွင် ကင်က ပြောသည်။ ယခုဆွေးနွေးပွဲသည် အိမ်နီးချင်း နှစ်နိုင်ငံ အချင်းချင်းဆွေးနွေးမှုအရှိန်ကို ဆက်လက်ထိန်းသိမ်းနိုင်မည့် အခွင့် အလမ်းတစ်ခုဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံ ရေးကြိုးပမ်းဆောင်ရွက်မှုကို မြှင့်တင် နိုင်လိမ့်မည်ဖြစ်ကြောင်း ကင်က ပြော သည်။ တောင်ကိုရီးယားနိုင်ငံသည် ဂျပန် နိုင်ငံနှင့် စစ်ရေးသတင်းအချက် အလက်မျှဝေရေး သဘောတူစာချုပ်ကို  ရပ်ဆိုင်းရန် ဆုံးဖြတ်ထားသော်လည်း ထိုဆွေးနွေးပွဲနှင့်ပတ်သက်၍ ဂျပန် နိုင်ငံမှ ပြန်လည်စတင်သည်အထိ စောင့် ဆိုင်းပြီးမှ လက်တွေ့ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

စံမီအောင်