Main menu

Background

ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၈၀ဝ၀ဝ ကျော်ဝင်

Mon, 11/25/2019 - 10:36 -- journal_editor

      နိုဝင်ဘာ ၃ ရက်မှ ၉ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ၁၅၇၄၁၆၃၀ တန်ဖိုးရှိ ဓာတ်ဆီ ၃၀၅၉၀ ဒသမ ၁၈ တန်နှင့် အမေရိကန်ဒေါ်လာ ၂၉၈၈၇၃၈၇ တန်ဖိုးရှိ ဒီဇယ် ၅၁၅၉၃ ဒသမ ၇၂ တန်၊ စုစုပေါင်း ၈၂၁၈၃ ဒသမ ၉၀ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။   ယခင်သီတင်းပတ်က ဓာတ်ဆီ ၃၅၁၈၅ ဒသမ ၉၅ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၄၅၉၅ ဒသမ ၇၇ တန် တင်သွင်းမှု လျော့နည်းခဲ့သလို   ယခင် သီတင်းပတ်က တင်သွင်းခဲ့သည့် ဒီဇယ်တန်ချိန် ၇၀၆၅၆ ဒသမ ဝ၇ တန်နှင့်နှိုင်းယှဉ် လျှင် ၁၉၀၆၂  ဒသမ ၃၅  တန် တင်သွင်းမှုလျော့နည်းခဲ့သည်။ ထို့ကြောင့် ယခု တစ်ပတ် ဒီဇယ်ရောဓာတ်ဆီပါ တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။ နယ်စပ်စခန်းများဖြစ်သည့်  တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၅၇၉၀၄၆ တန်ဖိုးရှိ ဒီဇယ်၁၀၃၆ ဒသမ ၅၆ တန်နှင့် အမေရိကန်ဒေါ်လာ ၇၃၃၂၉၇ တန်ဖိုးရှိ ဓာတ်ဆီ ၁၄၆၈ ဒသမ ၄၈ တန်၊   မြိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၁၅၈၀ဝ၀ တန်ဖိုးရှိ ဒီဇယ် ၂၀၄၆ ဒသမ ၃၈ တန် တင်သွင်းခဲ့ ကြောင်းသိရသည်။                                                            

 

သီတာဝင်း(DOT)