ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ လုံးဆန်(အဖြူ)ဈေးကျလာပြီး (အနီ)ဈေးအနည်းငယ်ပြန်မြင့် လာတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်ဘက်မှာ မြေပဲဆန်ဆီဆန်မှာ တစ်နေ့လျှင် အိတ် ၂၀၀ လောက်ဝင် ရောက်မှုရှိသဖြင့် ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။မိုးမြေပဲအသစ်များ ဈေးကွက်သို့ ဝင်ရောက်မှုမရှိသေး လို့ အခြားနယ်မှ မြေပဲဆန်များနှင့် လှောင်မြေပဲဆန်များ ကြောင့် ပြည်ဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ ရခိုင်ဘက်မှ ဝင်ရောက်လာတဲ့ ဆီဆန်များကို ပြည်ပွဲရုံများတွင် လုံးဆန်နှင့်ဆီဆန်ကိုပြန်လည် ရွေးပြီးခွဲခြား ၍ ရောင်းချတာ တွေ့ရပါတယ်။ မြေပဲဆီဆန်ဈေးမှာ တစ် ပိဿာလျှင် ကျပ် ၂၂၀၀ ဖြင့် ဆီစက်များကအဝယ်ရှိပြီး လုံး ဆန်(အဖြူ) ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၄၅၀ ဖြင့် အဝယ် အေးသွားလို့ ဈေးအနည်းငယ်ပြန်ကျလာ၍ လုံးဆန် (အနီ)ဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၆၀၀ ဖြင့်ပဲကြော်ဖိုသမားများ ကအဝယ်ရှိလို့ ဈေးမြင့်လာတာတွေ့ရပါတယ်။
ဝေေ၀မင်း(ပြည်)