Main menu

Background

ဆန်သစ်များအဝင်များလာပြီဖြစ်လို့ ဆန်ဈေးကျ

Fri, 11/23/2018 - 15:10 -- journal_editor

ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောရော ဆန်ကြမ်းပါ အသစ်များထပ်မံဝင်ရောက်လာတဲ့အတွက် ဆန် သစ်များဈေးကျကြောင်း ရန်ကုန်မြို့ ဝါးတန်းဆန်ကုန်စည်ဒိုင် မှ သိရပါတယ်။ ကုန်စည်ဒိုင်ရဲ့   ဆန်လက်ကားဈေးနှုန်းများ အရ  ပေါ်ဆန်းဆန်အဟောင်းများဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၅၂၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ်၅၁၀ဝဝ၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၅၆၀ဝ၀ နဲ့လတ်စတစ်အိတ် ကျပ် ၅၄၀ဝဝ၊ ကျိုက်လတ်ပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၅၀ဝဝဝ နဲ့ လတ်စတစ်အိတ်ကျပ်၄၉၀ဝ၀ နဲ့ဈေးငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၆၂၀ဝ၀ - ကျပ် ၆၄၀ဝ၀ ရှိပြီး တစ်အိတ်ကို ကျပ် ၁၀ဝ၀ ခန့်   ဈေးတက် ကြောင်း သိရပါတယ်။ ရွှေဘိုပေါ်ဆန်းဆန်က လူကြိုက်များ ပြီး  ဆန်ဟောင်းအဝင်နည်းသွားတဲ့အတွက် ဈေးတက်တာလို့ ဝါးတန်းဆန်ဈေးကွက်မှ သိရပါတယ်။
ယခုတစ်ပတ်   ကုန်စည်ဒိုင်ကို  ဆန်ချောအသစ်တွေ ထပ်မံဝင်ရောက်လာတဲ့အတွက် ဆန်သစ်များဈေးကျကြောင်း သိရပါတယ်။   ပေါ်ဆန်းဆန်အသစ်တစ်အိတ်လျှင်   ကျပ် ၃၀ဝဝဝ- ကျပ် ၃၃၀ဝဝ၊    မြောင်းမြပေါ်ဆန်းအသစ် တစ် အိတ်ကျပ် ၃၈၀ဝဝ- ကျပ် ၄၂၀ဝ၀ ရှိပြီး   တစ်ပတ်အတွင်း တစ်အိတ်ကိုကျပ် ၄၀ဝ၀ မှ ကျပ် ၅၀ဝ၀ အထိ ဈေးကျကြောင်း သိရပါတယ်။
ယခုတစ်ပတ်   ဆန်ကြမ်းအဟောင်းများဈေးငြိမ်ပြီး ဧည့်မထ ၂၅ မှတ် ဆန်အသစ်ကုန်စည်ဒိုင်ကို   ဝင်ရောက် လာပြီဖြစ်ကြောင်း သိရပါတယ်။    ဆန်ဟောင်းများဖြစ်တဲ့ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်ကျပ် ၂၀၅၀ဝ-ကျပ် ၂၁၀ဝဝ၊ ရက် ၉၀ ဆန်တစ်အိတ်ကျပ် ၂၅၅၀ဝ- ကျပ် ၂၆၀ဝဝ၊ သီးထပ် (ရှယ်) တစ်အိတ်ကျပ် ၂၃၀ဝဝ- ကျပ် ၂၄၀ဝဝ၊ မိုးသုခတစ် အိတ် ကျပ် ၂၄၅၀ဝ- ကျပ် ၂၆၀ဝ၀ ရှိပြီး  ဈေးငြိမ်နေကြောင်း သိရပါတယ်။ ဧည့်မထ ၂၅ မှတ်ဆန်အသစ်  တစ်အိတ်ကျပ် ၁၈၂၀ဝ- ၁၈၅၀ဝ ရှိပြီး နောက်ထပ်လည်း နယ်ပေါင်းစုံမှဆန် သစ်များဆက်တိုက်ဝင်ရောက်လာဖို့ရှိတယ်လို့ ဝါးတန်းဆန် ဈေးကွက်မှ သတင်းရရှိပါတယ်။                       

 ယဉ်ယဉ်အေး