Main menu

Background

ကျောက်ပန်းတောင်းမြို့နယ်တွင် စမုံနက်နှမ်းနှင့်နှမ်းနက်ဈေးတက်နေ

Wed, 11/28/2018 - 14:51 -- journal_editor

ကျောက်ပန်းတောင်းမြို့နယ်တွင်စမုံနက်နှမ်းနှင့်နှမ်းနက်များ  အဝယ်သွက်ကာ ဈေးမြင့်တက်နေကြောင်း ဒေသခံ ဈေးကွက်က သိရသည်။ လက်ရှိဆောင်းနှမ်းတွေပေါ်နေပါပြီ။ စမုံနက်နှမ်းတစ်တင်းလျှင်  ကျပ် ၇၄၀ဝ၀ ကနေ ကျပ် ၇၈၀ဝ၀ ပေါက်ဈေးရှိပါတယ်။ နှမ်းနက်တစ်တင်း ကျပ် ၇၂၀ဝ၀ ကနေ ကျပ် ၇၇၀ဝ၀ ဈေးပေါက်ပါတယ်။ အားလုံးဈေးတက်တယ်။ ယခင်တစ်ပတ် မှာ စမုံနက်တစ်တင်း ကျပ် ၇၀ဝဝဝ ကနေ ကျပ် ၇၃၀ဝဝဈေးဖြစ်ခဲ့ပြီး နှမ်းနက်မှာ တစ်တင်း ကျပ် ၇၃၀ဝဝဈေးရှိ          ကြောင်း ရေနံချောင်းမြို့နယ်က ပွဲစားများထံမှ သိရသည်။ကျောက်ပန်းတောင်းမြို့နယ်အမြှောင်ကန်ကျေးရွာ တောင်သူဦးဝင်းဌေးက  ''နှမ်းနက်ဈေးကမြင့်လာတယ်။  လက်ရှိက တောင်သူဆီ မှာက နှမ်းများများစားစားမရှိဘူး။ နှမ်းထွက်လည်း ယခင်နှစ်ကထက်နည်းတဲ့အပြင် ဝယ်ယူသူများတယ်။ ဝယ် ရောင်းလုပ်နေကြတယ်''ဟုပြောသည်။ အဆိုပါဒေသထွက်နှမ်းများကို ရန်ကုန်-မန္တလေးဈေးကွက်သို့တင်ပို့နေကြောင်း  သိရ သည်။                                              
    ရွှေဇင်