Main menu

Background

ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ များပြားလာစေရန် ဂျပန်ကူညီမည်

Thu, 09/12/2019 - 15:13 -- journal_editor

      ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ များပြားလာစေရန်အတွက် ဂျပန်နိုင်ငံက အကူအညီ ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက ပြောကြားခဲ့သည်။ ထိုကဲ့သို့ ကူညီပေးရန် အတွက် စက်တင်ဘာ ၁ ရက် တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့သည့် YSX Expo 2019 ပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “စာရင်းဝင်ကုမ္ပဏီတွေ တိုးတက်ဖို့အတွက် မြန်မာ အစိုးရနဲ့ ဂျပန်ဘက်က ပူးပေါင်းပြီးေ တာ့ လုပ်သွားမှာပါ။ မြန်မာကုမ္ပဏီတချို့ကိုလည်း စာရင်းဝင်ကုမ္ပဏီဖြစ်အောင် အကြံဉာဏ်ပေးမှုတွေ လုပ်နေပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Ichiro Maruyama က ပြောသည်။ ယင်းကဲ့သို့ စာရင်းဝင်ကုမ္ပဏီများ များလာရန်အတွက် လတ်တလောတွင် မလွယ်ကူသေးသော်လည်း စနစ်တကျ အချိန်ယူ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း သိရသည်။

   ပြည်တွင်းရှိ စတော့ဈေးကွက် ကောင်းလာရန်အတွက် စာရင်းဝင်ကုမ္ပဏီများ ပိုမိုများပြားလာရန် လိုအပ်ကြောင်း၊ သို့ရာတွင် အများပိုင်ကုမ္ပဏီများ ရန်ကုန်စတော့အိတ်ချိန်းကို ဝင်ရောက်ရန်နှင့် အများက လေးစားယုံကြည် ထားသည့် ကုမ္ပဏီ များအနေဖြင့်လည်း အများပိုင်အဖြစ်ပြောင်းလဲရန် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အကြံပြု ပြောသည်။ “အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတွေအနေနဲ့ ရန်ကုန် စတော့အိတ်ချိန်းမှာ စာရင်းဝင်ကုမ္ပဏီအဖြစ်ပါဝင် ဆောင် ရွက်ခြင်းအားဖြင့် မိမိတို့လိုအပ်တဲ့အရင်းအနှီးများ စုဆောင်း ရှာဖွေနိုင်မယ်။ အောင်မြင်မှုရရှိနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အနေနဲ့လည်း အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် အသွင် ပြောင်း ပြီး အရင်းအနှီးရှာဖွေဖို့ စတော့အိတ်ချိန်းကို သုံးနိုင် ပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။  လက်ရှိတွင် ပြည်တွင်းရှိ စတော့အိတ်ချိန်းဈေးကွက် ဖွံ့ဖြိုးလာရန်အတွက် ရန်ကုန်စတော့အိတ်ချိန်းနှင့်အတူ ဂျပန် နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးဌာန ဘဏ္ဍာရေးဝန်ဆောင်မှု ကြီးကြပ်ရေးအဖွဲ့ရ ဂျပန်စတော့အိတ်ချိန်းတို့မှ ကျွမ်းကျင်သူ များမှ ကူညီလုပ်ဆောင်ပေးနေကြောင်း သိရသည်။

 

ချောစု