Main menu

Background

အသားစား မွေးမြူရေးကြက် မွေးမြူသူ ယခင်ထက်ပိုမိုများပြားလာ

Tue, 10/22/2019 - 15:51 -- journal_editor

       မုံရွာမြို့ သံလမ်းဈေးအပြင်ဘက် တွင် ကားများကိုယ်စီဖြင့် ကြက်သား ရောင်းချနေသူများ ယခုလအတွင်း ပိုမို များပြားလာသည်။ အောက်တိုဘာလ ပထမပတ်ကြက်သားဈေးနှုန်းများမှာ ဗမာကြက်ဟု ခေါ်ကြသော အိမ်မွေး ကြက်တစ်ပိဿာဈေးနှုန်းမှာ ကျပ် ၉၀ဝ၀၊ စပ်မျိုးကြက် တစ်ပိဿာဈေးနှုန်း မှာ ကျပ် ၆၀ဝ၀ ဖြစ်နေချိန်တွင် စီပီ ကြက်ဟုခေါ်ကြသော မွေးမြူရေးကြက် က တစ်ပိဿာလျှင် ဒိုင်ဈေး ကျပ် ၂၈၀ဝ၊ လက်လီဈေး ကျပ် ၃၂၀ဝ ဖြင့် ရောင်းချ နေသည်ကို တွေ့ရသည်။  ထိုမွေးမြူရေးကြက်များမှာ တစ် ကောင်လျှင် အလေးချိန်တစ်ပိဿာခွဲအနည်းဆုံးရှိပြီး အရွယ်အစား ကြီး လွန်းခြင်း၊ ဈေးနှုန်းချိုသာလွန်းခြင်းတို့ကြောင့် စားသုံးသူများအတွက် ဘေး ကင်းမှု ရှိ၊ မရှိကို သိလိုကြောင်း စက်တင် ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သည့် မုံရွာခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အစည်းအဝေးတွင် မေးမြန်းဆွေးနွေးမှု များ ရှိလာသဖြင့် စားသုံးသူရေးရာဦးစီး ဌာနက စားသုံးသူကာကွယ်ရေးအတွက် အဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးသွားမည် ဖြစ်ကြောင်း တင်ပြဆွေးနွေးသည်။ မုံရွာ မြို့နယ်    စည်ပင်သာယာရေးအဖွဲ့က အဆိုပါ ကြက်သားဒိုင်များသို့ ကြက် သား ဝင်ရောက်ရာ လမ်းကြောင်းကို စုံစမ်းပေးမည်ဖြစ်သည်။ ဈေးတွင်း သတ် မှတ်ထားသော ကြက်သားဆိုင်တွင် ရောင်းချနေသူများက ကားဖြင့်ရောင်း သူများ၏ ဈေးနှုန်းထက် ပိုမိုများပြားနေ သည့်အတွက် စားသုံးသူများ ဈေးနှုန်းချိုသာစွာဝယ်ယူရရှိနိုင်သော်လည်း ဈေးအတွင်း ရောင်းချနေသူများက ရောင်းအားကျသွားသဖြင့် နစ်နာမှုများ ဖြစ်နိုင်သည်။ ဈေးအပြင်ဘက်တွင် ကားများဖြင့် ကြက်သား ရောင်းချနေသူ များသည် တရားဝင် ရောင်းချခွင့် ရှိ မရှိ အပေါ် ကြက်အတွက် သားသတ်လိုင်စင် မလိုခြင်း၊ ကိုယ်တိုင်မွေးမြူသူများ ကိုယ် တိုင် ရောင်းချနိုင်သည့် အခွင့်အရေးရှိ ခြင်းတို့ကြောင့် တားမြစ်ခွင့်မရှိကြောင်း စည်ပင်မှ တာဝန်ရှိသူက   ပြောသည်။  စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက  ကြက်သားဆိုင် များကို အဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးကာ နမူနာရယူ ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေး မည်။ စစ်ဆေးသည်နှင့် ချက်ချင်းပင် ရောဂါရှိသည့် ကြက်ဟုတ်မဟုတ် စားသုံး ရန် သင့်၊ မသင့် အဖြေထုတ်ပေးနိုင်မည် ဖြစ်သည်။

     ပဋိဇီဝဆေး     ဘေးအန္တရာယ် အတွက်ကို  အသိပညာပေးမှုများရှိပြီး မွေးမြူရေးကြက်အရေအတွက်၏ ကြက် သေဆုံးမှုရာခိုင်နှုန်း သတ်မှတ်ချက်ထက် ပိုမိုသေဆုံးမှုမရှိပါကလည်း အန္တရာယ် မရှိကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက သိရသည်။ ကြက်တုပ်ကွေး ရောဂါများ ကင်းစင်နေချိန်ဖြစ်ပြီး ၄၅ ရက်ဖြင့် ရောင်းချနိုင်သောကြက်များ ထုတ်လုပ်နိုင်ခြင်း၊ ကြက်ကြီးထွားမှုမှာ သာမန်ပင် ဖြစ်ပြီး ကြက်အစာကျွေးခြင်း အရင်းအနှီးထက် နှစ်ဆခန့် မြတ်စွန်း နေသဖြင့် မွေးမြူသူများ များပြားလာ ခြင်းဖြစ်သည်။ ဈေးကွက်အတွင်း အဝင်များခြင်း ကြောင့် အပြိုင်အဆိုင် ဈေးနှုန်းလျှော့ ချရောင်းနိုင်ခြင်းဖြစ်ကြောင်း၊ ယခု ကျပ် ၂၈၀ဝ ဖြင့် တွက်ခြေမကိုက်တော့ ကြောင်း၊ ရောဂါရှိသည့်ကြက်များဖြစ်၍ ဈေးနှုန်း ချိုသာနေခြင်းမဟုတ်ကြောင်း ကြက်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံ က မေးမြန်းသိရှိရသည်။ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက်  ဆက် လက် လေ့လာစစ်ဆေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရပါသည်။

 

ရီလင်းထွဋ် (မုံရွာ)