Main menu

Background

ပခုက္ကူနှင့်ရေစကြိုကုန်စည်ဒိုင်တို့တွင် ပဲတီစိမ်းနှင့်ပဲဇီးကွက်ဈေးကောင်းရနေ

Mon, 11/25/2019 - 10:34 -- journal_editor

       ယခုတစ်ပတ် ပခုက္ကူကုန်စည်ဒိုင်တွင် ဒေသထွက်ကုန် ဖြစ်သည့် ပဲတီစိမ်းသေးသည်    ပြန်လည်ဈေးကောင်းရနေ သည်။ ယခုတစ်ပတ်၏ ပဲတီစိမ်းသေးမှာ  တစ်တင်းလျှင် ကျပ် ၃၇၀ဝ၀ ဖြင့် အိတ် ၃၀ဝ၊   ကုလားပဲဝါ(HL) တစ်တင်းလျှင် ကျပ် ၂၇၃၀ဝ ဖြင့် အိတ် ၃၀၊  ကုလားပဲဖြူ (V2) တစ်တင်းလျှင် ကျပ် ၂၇၀ဝ၀ ဖြင့် အိတ် ၅၀၊ ပြောင်းဖူးစေ့(CP)တစ်တင်း လျှင်  ကျပ် ၇၂၀ဝ ဖြင့် အိတ် ၂၀ဝ၊ ၂၀၁၇ ခုနှစ်ထွက် ပဲစင်း ငုံနီ တစ်တင်းလျှင် ကျပ် ၂၆၀ဝ၀ ဖြင့် အိတ် ၃၀ဝ ဥပုသ်နေ့မှ လွဲ၍ ပုံမှန်အရောင်းအဝယ်ဖြစ်နေသည်။ ရေစကြိုကုန်စည်ဒိုင်တွင်    ယခုတစ်ပတ်၏   ပဲမျိုးစုံ ဈေးနှုန်းမှာ မြေပဲနီလုံးဆန်တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀  မြေပဲ ဖြူလုံးဆန် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ စွန်တာနီတစ်တင်း လျှင် ကျပ် ၁၇၀ဝ၀၊ ပဲဇီးကွက်တစ်တင်းလျှင်ကျပ် ၁၉၀ဝ၀ မှ ၁၉၅၀ဝ ဖြင့် အိတ် ၂၀ဝ၊ ကုလားပဲဝါလုံးကြီး (၉၂၉) တစ်တင်း လျှင် ကျပ် ၂၆၈၀ဝ ဖြင့် အိတ် ၁၀ဝ၊ ပဲပုပ် တစ်တင်းလျှင် ကျပ် ၁၇၅၀ဝ ပေါက်ဈေးဖြင့်  ပုံမှန်အရောင်းအဝယ်ဖြစ်နေ သည်။ 

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)