Main menu

Background

ပင်လယ်ရေကြောင်းမှ မတ်လအတွင်း ဆန်တန်ချိန်ခြောက်သောင်းကျော်တင်ပို့နိုင်

Fri, 05/15/2015 - 17:15 -- journal_editor

အတွဲ(၁၅)အမှတ်(၁၇)

ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ မြန်မာ့ဆန်ဖြူနဲ့ပေါင်းဆန်ကို အာရှ၊ အာဖရိကနဲ့ အီးယူနိုင်ငံများသို့ မတ်လ အတွင်း  တင်ပို့မှုဟာ ဖေဖော်ဝါရီလ တင်ပို့မှုထက်  နှစ်ဆကျော် ပိုမိုလာပါ တယ်။မတ်လအတွင်းမှာ ကန်ဒေါ်လာ ၂၀ ဒသမ ၇၀၉သန်းဖိုးရှိ   ဆန်ဖြူ ၅၇၄၄၂ တန်ကျော်နဲ့ ကန်ဒေါ်လာ ၁ ဒသမ ၇၇၃သန်းဖိုးရှိ ပေါင်းဆန် ၄၀၇၅ တန်တင်ပို့နိုင်ခဲ့ရာ ဖေဖော်ဝါရီလ တင် ပို့မှုထက် ၃၃၄၂၁ တန်  ပိုမိုတင်ပို့ခဲ့ပါ တယ်။
ဆန်ဖြူတင်ပို့မှုကို ကြည့်မယ်ဆို ပါက ဧည့်မထ ၅ မှတ်ဆန် ၇၂၆၀ တန်၊ ၁၀ မှတ်ဆန် တန် ၂၀၀ ၊ ၁၅ မှတ်ဆန် ၂၅ တန်နဲ့ ၂၅မှတ်ဆန် ၄၄၆၂၅ တန်  စုစုပေါင်း  ဆန်တန်ချိန် ၅၂၁၁၀ တန် ကို စင်ကာပူ ၊ ဂီနီအာနဲ့ အီးယူနိုင်ငံများ သို့   လည်းကောင်း၊ငစိန် ၅ မှတ်ဆန် ၄၆၉၈ တန်ကျော်နဲ့ ၂၅ မှတ်ဆန် တန် ၆၀၀ ကို အီးယူနိုင်ငံများသို့  လည်း ကောင်း ၊ ပေါ်ဆန်း ၁၅ မှတ်ဆန်၃၄ တန်ကို စင်ကာပူနိုင်ငံသို့လည်းကောင်း အသီးသီး တင်ပို့ခဲ့ကြပါတယ်။
မြန်မာ့ပေါင်းဆန်ကို အီးယူနိုင်ငံ များမှ အဓိကဝယ်ယူလျက်ရှိပြီး မြန်မာ နိုင်ငံအတွက်လည်း  ွှဏ အခွင့်အရေး ရရှိတဲ့အတွက်အခြားဈေးကွက်များနဲ့ယှဉ်ပြိုင်ပါက အသာစီးရရှိတာဖြစ်ပါ တယ်။  
မတ်လအတွင်းမှာတော့     ကန် ဒေါ်လာ ၁ ဒသမ ၇၇၃ သန်းဖိုးရှိ ပေါင်း ဆန် ၄၀၇၅ တန်ကို  အီးယူနိုင်ငံများသို့တင်ပို့နိုင်ခဲ့ပါတယ်။ အီးယူမှ သတ်မှတ် ထားသော စံချိန်စံညွှန်းများနဲ့ကိုက်ညီတဲ့ ပေါင်းဆန်များ  တင်ပို့နိုင်ပါက ဈေး ကွက်တွင်အခြားနိုင်ငံများထက် သာ လွန်သော ယှဉ်ပြိုင်နိုင်မှုကို  ရရှိနိုင်မှာ ဖြစ်ပါတယ်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလ ဒုတိယပတ်အထိမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၈၅၉ သန်းဖိုးရှိ  ပေါင်းဆန် ၁၉၇၅ တန်နဲ့ကန်ဒေါ်လာ ၈ ဒသမ ၀၅ သန်းဖိုးရှိ ဆန်ဖြူ ၂၄၅၈၆ တန် တင်ပို့ ထားပါတယ်။     
ယဉ်ယဉ်အေး  MIRT