Main menu

Background

တက်ပြီးရင် - ရပ်၊ ရပ်ပြီးရင် - တက် ဆန်ဈေးကွက်

Fri, 05/15/2015 - 17:05 -- journal_editor

အတွဲ(၁၅)အမှတ်(၁၇)

ရန်ကုန်မြို့  ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက် ကားဆန်ဈေးနှုန်းများမှာ  ဧပြီလ ၂၄ ရက်နေ့ ဈေးနှုန်းများအရဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းလတ်စ တစ် အိတ်ကို ၃၄၅၀၀ ကျပ်၊ ထိပ်စ ၃၅၅၀၀ ကျပ်၊ မြောင်းမြ၊ ပုသိမ် ပေါ်ဆန်းလတ်စ၃၅၅၀၀ ကျပ်၊ ထိပ်စ ၃၆၅၀၀ ကျပ်၊ နယ်စုံ ပေါ်ဆန်းလတ်စ ၃၃၅၀၀ ကျပ်၊ ထိပ်စ ၃၅၀၀၀ ကျပ်၊ ရွှေဘို ပေါ်ဆန်းရှယ်တစ်အိတ်ကို  ၃၈၅၀၀ ကျပ်မှ ၃၉၅၀၀ ကျပ်အတွင်း အသီး သီးဖြစ်ခဲ့ကြလို့ သြင်္ကန်မတိုင်မီ  ဧပြီ ၁၀ ရက်နေ့ဈေးနှုန်းများ ထက် တစ်အိတ်ကို ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အတွင်း ဈေး တက်ခဲ့တာတွေ့ရပြီး ၄ ဒသမ ၃၅ ရာခိုင်နှုန်းခန့် ဈေးတက်ခဲ့ တာတွေ့ရပါတယ်။
အလားတူဆန်ချောဖြစ်တဲ့ ပေါ်ကျွဲဆန်များမှာလည်း လတ်စတစ်အိတ်ကို ၂၇၀၀၀ ကျပ်၊ ထိပ်စ ၂၈၀၀၀ ကျပ်ဖြစ် ခဲ့လို့သြင်္ကန်မတိုင်မီထက်  တစ်အိတ်ကို ၃၅၀၀ ကျပ် (၁၂ ဒသမ ၉၆ ရာခိုင်နှုန်း ) ခန့် ဈေးတက်လာတာ  တွေ့ရသဖြင့် ဆန်ချောတစ်အိတ်ကို ပျမ်းမျှ (၈ ဒသမ ၆၆ ရာခိုင်နှုန်း) ခန့် သြင်္ကန်မတိုင်မီထက် ဈေးတက်လာတာတွေ့ရပြီး ဆန်ကုန် သည်ကြီးအချို့ပြောလေ့ရှိတဲ့  နှစ်စဉ်သြင်္ကန်ပြီးရင် ဆန်ဈေး ၁၀ ရာခိုင်နှုန်းလောက် တက်လေ့ရှိတယ်ဆိုတဲ့ စကားအပ်ကျ  မပ်ကျ မှန်နေတာတွေ့ရပါတယ်။
ဆန်ချောတွေ ဈေးသိသာစွာ  တက်သွားရတာ သြင်္ကန် ပိတ်ရက်ရှည် စက်တွေနားထားခဲ့လို့ ဒိုင်သို့ ဆန်အဝင်နည်း ချိန်၊ဆန်တင်ပို့ရန် သင်္ဘောအခက်အခဲ လုပ်သားအခက်အခဲ ရှိနေချိန်မှာ သြင်္ကန်အပြီး လက်လီဆိုင်သမားတွေ ပစ္စည်းပြတ် သွားလို့အဝယ်ပြန်ဖြည့်ချိန် တိုက်ဆိုင်ပြီး  အဝယ်သွက်ကာ ဆန်ချောတွေ ဈေးတက်လာရတာလို့ ကုန်စည်ဒိုင်ဈေးကွက်မှကြားသိရပါတယ်။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထ လတ်စတစ် အိတ်ကို ၁၇၅၀၀ ကျပ်၊ ထိပ်စ ၁၇၈၀၀ ကျပ်၊ နွေဆန်ရှယ် တစ်အိတ်၁၇၀၀၀ ကျပ်မှ ၁၇၄၀၀ ကျပ်ဖြင့် ဈေးငြိမ်နေတာ တွေ့ရသော်လည်း အောက်ခြေနယ်မှာ အချို့ပတ်ကားရိုက်ထားသည့်ဆန်များ အပ်ချိန်ရောက်နေလို့ အဝယ်သွက်ပြီး ဈေးအနည်းငယ်တက်တယ်လို့ ကြားသိရပါတယ်။ရန်ကုန်ဈေးကွက်အတွင်း ဧည့်မထ ၂၅ မှတ် (ပြည်ပ) ဆန်တစ်အိတ် ၅၀ ကီလို တစ်အိတ်ကို ၁၄၈၀၀ ကျပ်-၁၅၁၀၀ကျပ်ခန့်ရှိနေပြီး အဝယ်သွက်နေကြောင်း၊ ရန်ကုနFOBတင် ရန်နှင့် တရုတ်လိုင်းအတွက်ပါ အဝယ်ရှိနေတယ်လို့ သိရပါ တယ်။EMATA MYANMAR 25 % FOB (Yangon) ဈေး 310-315 USD / MT   ခန့်ဈေးရှိနေပြီး၊ တရုတ်-မူဆယ်လိုင်းသို့ ရန်ကုန်မှနွေရှယ်အကြမ်းစနှင့် ဆန်ကွဲတွေ သွားနေကြောင်း ဆန်ဈေးကွက်မှ သိရှိရပါတယ်။တရုတ်လိုင်း- မူဆယ်  ဆန်ဈေးကွက်မှာ ဧပြီလ ၂၄ ရက် ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ် မှော်ဘီတစ် အိတ်ကို ၁၄၀-၁၄၂ယွမ်၊ စူပါ ၁၃၈-၁၄၀ ယွမ်၊ ဧည့်မထ ၁၀ မှတ် မနောသုခ ၁၃၅ ယွမ်၊ ဧည့်မထ ၁၅ မှတ် မနောသုခ ၁၃၁-၁၃၃ ယွမ်၊ ငစိန် ၅  မှတ် ၁၃၇ -၁၃၈ ယွမ်၊ ၁၅ မှတ် ၁၃၁-၁၃၄ ယွမ်၊  ကောက်ညင်း ၁၅ မှတ် ၁၅၈ ယွမ်၊B 1,2  ၁၀၅-၁၀၇ ယွမ်၊B 1, EXTRA၁၀၈-၁၁၂ ယွမ်ဖြစ်ခဲ့ပြီး သြင်္ကန်မတိုင်မီ  ဧပြီလ ၁၀ ရက်နေ့ ဈေးနှုန်းများ ခန့်သာဖြစ်ခဲ့ပြီး ဧပြီလ ၂၄ ရက်နေ့ မူဆယ်ရှိငွေလဲနှုန်းမှာ တစ်ယွမ်လျှင် ၁၇၃ ကျပ်ဖြစ်ခဲ့ သဖြင့် သြင်္ကန်မတိုင်မီထက် ၁ ဒသမ ၄၈ ကျပ်ခန့် ဈေးတက် လာကြောင်း၊  မြန်မာ့သြင်္ကန် နားရက်ပြီးနောက် နှစ်ဖက်ကုန် သည်များဖြင့် အရောင်းအဝယ်များ  ပုံမှန်ပြန်ဖြစ်နေကြောင်း၊ယခုတစ်ပတ်အတွင်း မူဆယ်သို့ ပြည်တွင်းနယ်စုံမှ ဆန်တန် ချိန် ၁၀၅၀၀ ကျော်  ဝင်ရောက်ခဲ့ပြီး သြင်္ကန်မတိုင်မီကထက် တန်၁၅၄၀၀ ခန့် လျော့နည်းဝင်ရောက်ခဲ့သော်လည်း သြင်္ကန် တွင်း ပွဲရုံ၊ ကုန်ကားများ ရပ်နားခဲ့၍  မူဆယ်သို့  ဆန်အဝင်လျော့ခဲ့ရတာဖြစ်ကြောင်း။ တရုတ်သို့ တရားဝင်ဆန်တင်ပို့ရန် လုပ်ဆောင်နေသော်လည်း မူဆယ်- တရုတ် နယ်စပ်လမ်းကြောင်းမှာ ပုံမှန်ဆက်သွားနိုင်ပါကြောင်း မူဆယ်ဆန်ဈေး ကွက်မှ သိရပါတယ်။မြန်မာ့ဆန်နဲ့  ဆန်ကွဲပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၁၇ ရက်ထိ တန်ချိန် ၂၁၉၀၀ ကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၇ သန်းကျော်ရရှိနေပြီး ယခင်ဘဏ္ဍာ နှစ်ကာလတူထက် တန်ချိန် ၆၄၀၀ ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ သန်းကျော်ဖိုး  နှစ်စမှာပင် ပိုမိုတင်ပို့နိုင်တာ တွေ့ ရပါတယ်။ ယခင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တစ်နှစ်လုံးအနေ ဖြင့်ဆန်နဲ့ ဆန်ကွဲတန်ချိန်ပေါင်း ၁၈၁၂၀၀၀ ကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ  ၆၄၄ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။
မြန်မာ့ဆန်ဈေးကွက်   ရှေ့အလားအလာအနေဖြင့် ဆန်ကြမ်းဈေးမှာ တရုတ်ဆွဲအားပေါ်  မူတည်ပြောင်းလဲမည်ဖြစ်သော်လည်း မိုးကာလသို့ရောက်တော့မည်ဖြစ်၍ ဆန်ချော အပါအဝင်ပြည်တွင်းဆန်ဈေးနှုန်းများမှာ တက်ပြီးရင် ရပ်၊ ရပ်ပြီးရင် တက် ဆန်ဈေးကွက်ဟု ကုန်သည်များက သုံးသပ်လျက် ရှိကြောင်း တင်ပြလိုက်ပါတယ်။
သန်းအေး-ဆန်စပါး