Main menu

Background

ဖျာပုံခရိုင် ဆန်စပါးဈေးကွက် ဦးမော့လာမှုကြောင့် ဆန်တင်ပို့မှုလျော့ကျ

Thu, 05/21/2015 - 20:38 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

ဖျာပုံခရိုင်အတွင်းရှိ ဆန်စပါးလက် ကားဈေးကွက်မှာ မေလ ဒုတိယအပတ် ဈေးများအရ  ထိပ်စဆန် အမျိုးအစား အုပ်စုတွင် ပေါ်ဆန်းဆန်တစ်အိတ်ကို ၃၆၀၀၀ ကျပ်၊ မီးဒုံး ၂၆၀၀၀ ကျပ်၊ နှံ ကား ၁၉၅၀၀ ကျပ်၊ သီးထပ်ရင် (နွေ) ၁၈၅၀၀ ကျပ် အသီးသီးရှိခဲ့လို့ ယခင် တစ်ပတ်ထက် တစ်အိတ်ကို ၂၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်အတွင်း ဈေးတက် လာကြောင်း သိရပါတယ်။ ယခုလို ဆန် ဈေးနှုန်းတက်လာရခြင်းဟာ   သြင်္ကန် ပိတ်ရက်နောက်ပိုင်းမှစပြီး   ရန်ကုန်သို့ ဆန်အဝင် နည်းလာတာကြောင့် ဆန် ဝယ်လက်များက   ဆန်ရရှိအောင် ဈေး ပေးဝယ်ယူမှုများရှိလာခဲ့သဖြင့် ဆန် ဈေးမြင့်တက်လာရတယ်လို့ ဆန်ဈေး ကွက်က ဆိုပါတယ်။ ဆန်ချောကတော့ ဒေသတွင်းစားသုံးသူ   ဦးစားပေးဝယ် ယူမှုရှိနေလို့ စပါးဆန်ဈေးမှာ အနည်း ငယ်ဈေးမြင့်နိုင်ပြီး ဆန်ကြမ်းဈေးက တော့ ယခုလက်ရှိဈေးအတိုင်းသာ ဈေး ငြိမ်မှုများရှိနိုင်ကြောင်း  သိရပါတယ်။
စပါးဈေးအနေနဲ့  ပေါ်ဆန်းစပါး တစ်တင်းကို ၇၆၉၆ ကျပ်၊ မီးဒုံး ၆၇၆၄ ကျပ်၊ နှံကား ၃၉၅၆ ကျပ်၊ သီးထပ်ရင် (နွေ) ၃၆၈၀ ကျပ် ဈေးအသီးသီးပေါက် ပြီး မေလ ပထမတစ်ပတ်ထက် စပါး တစ်တင်းကို ၄၀ ကျပ်မှ ၁၈၀ ကျပ်နီးပါး အထိ ဈေးတက်လာပါတယ်။
    ဖျာပုံခရိုင်   ဆန်တင်ပို့မှုအနေနဲ့ ဧပြီလအတွင်း  သြင်္ကန်ပိတ်ရက်များမှာ ဆန်တင်ပို့မှုမရှိသော်လည်း    မေလ ပထမပတ်ကစလို့   ရန်ကုန်၊ ပခုက္ကူ၊ မြိတ်မြို့များသို့       ဆန်တင်ပို့ခဲ့ရာ ၉၉၃၇၀ အိတ်၊ တင်ပို့နိုင်ခဲ့ပြီး ဒုတိယ အပတ်ထဲမှာတော့  ၇၆၄၄၅ အိတ်သာ တင်ပို့နိုင်ခဲ့လို့ ဆန်တင်ပို့မှု လျော့ကျ ခဲ့ကြောင်း သိရပါတယ်။     
မင်းဇော်မွန်-ဖျာပုံ