Main menu

Background

ဧရာဝတီဆန်စပါးဈေးကွက် ဧပြီလထက် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်သွက်

Thu, 05/21/2015 - 20:36 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဆန်စပါးဈေးကွက် တွင် ယခုနှစ် နွေသီးထပ်ရင်စပါးများ ထွက်ရှိချိန် စပါးဈေးနှုန်း မှာ  တင်း ၁၀၀ ကို လေးသိန်းဝန်းကျင်ဈေးနှုန်းဖြင့် ရောင်းဝယ် လျက်ရှိရာ နွေစပါး လှိုင်လှိုင်ပေါ်ချိန် ဧပြီလ နွေစပါးဈေးမှာ တင်း ၁၀၀ ကို ၄၀၀၀၀၀ ကျပ်မှ ၄၁၀၀၀၀ ကျပ်ဈေးတွင် ဆန်တစ်အိတ်ဈေးနှုန်းမှာ ၁၆၅၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်ဈေး ရှိသော်လည်း ယခုလက်ရှိအချိန် နွေ စပါးဈေးနှုန်းမှာ တင်း ၁၀၀ ကို ၄၂၀၀၀၀ ကျပ်မှ ၄၃၀၀၀၀ ကျပ်ဈေးနှုန်းမြင့်တက် သွားပြီး ဆန်တစ်အိတ် ဈေးနှုန်းမှာလည်း ၁၇၅၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်ဈေးနှုန်းဖြစ်သွားကြောင်း  ဆန်စပါးဈေးကွက်မှ သိရပါတယ်။
နွေသီးထပ်ရင် စပါးဈေး၊ ဆန်ဈေးများ မြင့်တက်လာမှု နှင့်အတူ မိုးစပါး၊ မိုးဆန်ဈေးနှုန်းမှာလည်း ဧပြီလထက် မေလ မှာ မြင့်တက်လျက်ရှိကြောင်း ဈေးကွက်တွင် ပုံမှန်စားသုံး လျက်ရှိသော  ဧရာဝတီပေါ်ဆန်းစပါး  တင်း ၁၀၀ ကို ယခင် ၉၅၀၀၀၀ ကျပ်ဈေးတွင် ဆန်တစ်အိတ် ၃၇၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ် ဈေးသာရှိသော်လည်း ယခုစပါးဈေးမှာ ဆယ် သိန်းခွဲဝန်းကျင်  ပေါက်ဈေးရှိနေပြီး    ဆန်တစ်အိတ်ကို ၃၉၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်ဖြစ်သွားကြောင်း၊ ထိုနည်းတူ ပေါ်ဆန်းရင်စပါး  တင်း ၁၀၀ ကို ၈၅၀၀၀၀ ကျပ် ဈေးတွင် ဆန်တစ်အိတ် ၃၅၀၀၀ ကျပ်မှ   ၃၆၀၀၀ ကျပ်ဈေးရှိသော် လည်း ယခုစပါးဈေး  ၉ သိန်းခွဲ၊ ၁၀ သိန်းဈေးတွင် ပေါ်ဆန်း ရင် တစ်အိတ် ၃၇၀၀၀ ကျပ်မှ  ၃၈၀၀၀ ကျပ်ဈေးမြင့်တက် သွားကြောင်း သိရပါတယ်။ ဈေးကွက်တွင် ပုံမှန်ဝယ်လိုအားရှိ သော ရွှေသွယ်စပါး    တင်း ၁၀၀ ကို   ၅၅၀၀၀၀ ကျပ်မှ ၅၆၀၀၀၀ ကျပ်ဈေးတွင် ဆန်တစ်အိတ်   နှစ်သောင်းကျပ် သာရှိသော်လည်း ယခုစပါးဈေးမှာ ၆၀၀၀၀၀ ကျပ်မြင့် တက်သွားသဖြင့်  ဆန်ဈေးနှုန်းမှာလည်း ၂၂၀၀၀ ကျပ်ဖြစ် သွားကြောင်း၊ ဈေးကွက်တွင် အများစားသုံးလျက်ရှိသော မနောသုခစပါး  တင်း ၁၀၀ ကို ၄၅၀၀၀၀ ကျပ်မှ ၄၆၀၀၀၀ ကျပ်ဈေးတွင်  ဆန်တစ်အိတ် ၁၇၀၀၀ ကျပ်မှ ၁၇၅၀၀ ကျပ် ဈေးသာရှိသော်လည်း ယခုစပါးဈေးနှုန်းမှာ ၅၀၀၀၀၀ ကျပ် ဝန်းကျင်သို့   မြင့်တက်သွားပြီး မနောသုခ ဆန်တစ်အိတ် ၁၈၅၀၀ ကျပ်မှ ၁၉၀၀၀ ကျပ်ဈေးနှုန်း   မြင့်တက်လျက်ရှိ ကြောင်း ဆန်စပါးအသိုင်းအဝိုင်းမှ သိရှိရပါတယ်။
ရန်ကုန်မြို့သို့ ဧည့်မထအုပ်စု မနောသုခ၊ ရွှေသွယ်၊ သီး ထပ်ရင်၊ ပေါ်ဆန်းနဲ့ ဆန်ကွဲများ ပုံမှန်တင်ပို့ ရောင်းချလျက် ရှိပြီး နွေစပါးဈေးကွက် အဓိကရောင်းဝယ်လျက်ရှိသော သီး ထပ်ရင် ဆန်များကို ပြည်နဲ့ အထက်အညာဒေသ၊ မန္တလေး မြို့သို့ သင်္ဘောများနဲ့ တင်ပို့လျက်ရှိပြီး ၎င်းင်းမှတစ်ဆင့် မူဆယ် မြို့သို့ ရောင်းချလျက်ရှိကြောင်း၊ ဆန်စပါးဈေးကွက်မှာ ခန့် မှန်းရခက်ခဲ၍ စပါးပေါ်ချိန် အရောင်းအဝယ်သွက်ခြင်း၊ အေး ခြင်းများရှိသလို  မိုးတွင်းပိုင်းစပါးများလှောင်ထားချိန် အရောင်း အဝယ်အေးခြင်း၊  သွက်ခြင်းများရှိပြီး   ပွင့်လင်းရာသီမှာ အရောင်းအဝယ်ပို၍ အဖြစ်များကြောင်း၊ ယခုနှစ် စပါးဈေး နှုန်းမှာ ယခင်နှစ်   စပါးဆန်အမြင့်ဈေးနှုန်းကို မီရုံသာမက အရောင်းအဝယ်သွက်သည့်အပေါ်မူတည်၍ ဆန်စပါးဈေး နှုန်း ထပ်မံမြင့်တက်လာနိုင်ကြောင်း စက်ပိုင်၊ ကုန်သည်၊ ပွဲစား များထံမှ သိရပါတယ်။                        
      မင်းမင်းဦး-ပုသိမ်