Main menu

Background

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲတန်ချိန်နှစ်သောင်းကျော်တင်ပို့

Fri, 10/23/2020 - 14:54 -- journal_editor

အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၄၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၅၉၀၀ ကျော် တင်ပို့ခဲ့ကြောင်းသိရပါသည်။ တင်ပို့မှုများအနေဖြင့် မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၅၄၀၀ ခန့် ၊ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၀၀ ခန့်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၃၀ နီးပါးနှင့် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ် ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၀၀ နီးပါးတင်ပို့နိုင်ခဲ့သည်။ မြဝတီကုန်သွယ်ရေးဇုန်မှလည်း အမေရိကန်ဒေါ်လာ သုညဒသမ ၂၁၈ သန်းတန်ဖိုးရှိ ဆန်မှုန့် ၅၆၀ တန် တင်ပို့နိုင်ခဲ့ပါသည်။ ဆန်တင်ပို့မှုမှာ ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၅၀၀၀ ကျော် ပိုမိုခဲ့ကြောင်း သိရသည်။

ယခုအပတ် ဆန်ကွဲတင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ တန်ချိန် ၂၀၀၀ ကျော်နှင့် မြဝတီကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၂၀၀ ကျော် စုစုပေါင်း တန်ချိန် ၂၂၀၀ ကေျာ် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုညဒသမ ၆၈၂ သန်းတင်ပို့ ခဲ့ကြောင်းသိရသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၁၀၀ နီးပါးပိုမိုခဲ့ပါသည်။

အောက်တိုဘာလ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၆၁၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၆၄၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တင်ပို့မှုများအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၄၃၆၀ ခန့်နှင့် အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၂၀၆၀ ခန့်တင်ပို့နိုင်သဖြင့် ယခင်အပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၀၀၀ နီးပါးပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

ယခုတစ်ပတ်ပင်လယ်ရေကြောင်းမှ ဆန်ကွဲတင်ပို့မှု့များအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၃၁၀၀ ကျော်နှင့် အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၂၈၂၀ ခန့်တင်ပို့နိုင်သဖြင့် စုစုပေါင်းဆန်ကွဲတင်ပို့မှုတန်ချိန် ၅၉၂၀ ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ဒသမ ၈၄၅ သန်း ခန့်ရှိပါသည်။

ယခင်အပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၁၀၀၀ ကျော် လျော့နည်း တင်ပို့ခဲ့ကြောင်း သိရသည်။

ယခုအပတ်ဆန်နှင့်ဆန်ကွဲတင်ပို့မှုစုစုပေါင်းတန်ချိန် ၂၀၄၀၀ ကျော် သဖြင့် ယခင်အပတ် တင်ပို့မှုများနှင့် နှိုင်းယှဉ်လျှင် တန်ချိန် ၆၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရပါသည်။