Main menu

Background

ယခုတစ်ပတ် ပြည်ဈေးကွက်၌ မြေပဲဆီဈေးမြင့်ပြီး နှမ်းဆီဈေးပြန်ကျ

Fri, 05/22/2015 - 21:34 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မြေပဲဆီဈေးမြင့်ပြီး နှမ်းဆီဈေး  ပြန်ကျ လာတာ  တွေ့ရပါတယ်။  ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင်  မြေပဲဆီဈေးမှာ တစ်ပိဿာ  ၃၆၀၀  ကျပ်မှ  ၃၈၀၀ ကျပ်ထိရှိခဲ့ပြီး  ဖေဖော်ဝါရီလနှင့် မတ်လတွင် တစ်ပိဿာ ၃၆၀၀ ကျပ် ဖြင့် ဈေးပြန်ကျလာခဲ့ပါတယ်။
ဧပြီလဆန်း  သြင်္ကန်အပြီးတွင် မြေပဲဆီဈေးပြန်လှုပ်လာပြီး တစ်ပိဿာ ၄၀၀၀ ကျပ်အထိ ဈေးပြန်မြင့်လာပါ တယ်။ မေလ ဒုတိယပတ်မှစ၍ ခုချိန်ထိ  တစ်ပိဿာ ၅၀၀၀ ကျပ်အထိ ဈေးမြင့် လာပါတယ်။
နှမ်းဆီဈေးမှာလည်း ၂၀၁၅ခုနှစ် ဇန်နဝါရီလတွင် တစ်ပိဿာ ၅၂၀၀ မှ ကျပ် ၅၆၀၀ ကျပ်အထိ  ဈေးမြင့်ခဲ့ပြီး၊ ဖေဖော်ဝါရီလ၊  မတ်လနဲ့ ဧပြီလတွင် တစ်ပိဿာ ၅၀၀၀ ကျပ်အထိ ဈေးကျ လာခဲ့ပြီး မေလ ဒုတိယပတ်မှ ခုချိန်ထိ နှမ်းဆီတစ်ပိဿာကို ၄၅၀၀ ကျပ်အထိ ဈေးပြန်ကျလာခဲ့ပါတယ်။
မြေပဲဆီဆန်ကို  ဝယ်လက်များက ပစ္စည်းရှိလို့ အဝယ်ရှိပြီး ဈေးမြင့်သလို ဆီဈေးလည်း   မြင့်နေတာ  တွေ့ရပါ တယ်။ နှမ်းမှာ  ဈေးကွက်တွင် ပစ္စည်း လက်ကျန်ပြတ်နေပြီး အဝယ်လည်း သိပ်မရှိလို့ ဈေးကျပြီး ဆီဈေးပါကျနေ တာ တွေ့ရပါတယ်။
ဝေေ၀မင်း-ပြည်