Main menu

Background

ပို့ကုန်ဝယ်လိုအားကျမှာကို စိုးရိမ်ပူပန်မှုကြောင့် စားအုန်းဆီဈေးကျဆင်း

Fri, 05/22/2015 - 21:35 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

အယ်လ်နီညို ရာသီဥတုပုံစံက စားအုန်းဆီထွက်နှုန်းကို အဟန့်အတားဖြစ်စေမှာကို စိုးရိမ်တဲ့အတွက် ပထမပိုင်း မေ ၁၃ ရက်မှာ စားအုန်းဆီဈေးက ရက်သတ္တပတ်ငါးပတ်အတွင်း အမြင့်ဆုံးဈေးကို  ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် မေလ ဒုတိယလဝက်မှာ ပို့ကုန်ဝယ်လိုအား ကျဆင်းမဲ့အလားအလာ တွေကြောင့် ဈေးနှုန်းမြင့်တက်မှုကို အဟန့်အတားဖြစ်စေခဲ့ပါ တယ်။
၂၀၀၉ ခုနှစ်မှာ အယ်လ်နီညို  ဖြစ်ပွားခဲ့တဲ့အတွက် အိန္ဒိယနိုင်ငံမှာ မိုးခေါင်ရေရှားဖြစ်ခဲ့ရာ ဆယ်စုနှစ် လေးစု အတွင်း အဆိုးဝါးဆုံးဖြစ်ခဲ့ပါတယ်။ အယ်လ်နီညိုဖြစ်ပွားတဲ့ အတွက် သြစတြေးလျက  ဂျုံခင်းတွေ  ပျက်စီးခဲ့ရပါတယ်။ အရှေ့တောင်အာရှမှာရှိတဲ့   ဆန်၊ ပြောင်းနဲ့ စားအုန်းဆီ သီးနှံတွေအများကြီး ဆုံးရှုံးခဲ့ပါတယ်။ ယခုနှစ်အတွင်းမှာ အယ်လ်နီညို တစ်ကျော့ပြန်လာနိုင်တယ်လို့ ဂျပန်နဲ့ သြစ တြေးလျ ရာသီဥတုခန့်မှန်းရေးဗျူရိုတွေက မေလ ၁၂ ရက်က အတည်ပြုပြောကြားပါတယ်။
အယ်လ်နီညိုကြောင့်ဖြစ်ရတဲ့   အလွန်ပူပြင်းခြောက် သွေ့တဲ့ရာသီဥတုကြောင့် ရင့်မှည့်နေတဲ့  စားအုန်းဆီ အသီး တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် ပူပြင်းခြောက် သွေ့မှုကြောင့်ဖြစ်ရတဲ့   ဖိစီးမှုဒဏ်က ထုံးစံအတိုင်းဆိုရင် ကိုးလ နဲ့ ၁၂ လအကြာမှသာ မြင်တွေ့ရမှာဖြစ်ပါတယ်။
]]အယ်လ်နီညိုသတင်းနဲ့ပတ်သက်ပြီး ဈေးကွက်ရဲ့ တုံ့ ပြန်မှုက  လိုတာထက်ပိုနေပါတယ်။ အခုတော့ ပြန်ပြီးတော့ ပြောင်းလဲသွားပါပြီ။ စာရင်းဇယားကိန်းဂဏန်းတွေကို လေ့ လာတွက်ချက်မှုအရ ဝယ်ယူမှုအခြေအနေ မြင့်မားလာတာ တွေ့ရတဲ့အတွက် အမြတ်ရရှိတာကိုလည်း တွေ့ရပါတယ်}}လို့ ကွာလာလမ်ပူရှိ ကုန်စည်ပွဲစား တစ်ဦးက ပြောပါတယ်။
စောစောပိုင်းဈေးကွက်မှာ ဘာဆာမလေးရှားကုန်စည် ဒိုင်ရှိ ဇူလိုင်အတွက် စာချုပ်ချုပ်ဆိုတဲ့ အခြေခံစံထားနှုန်းက တစ်တန်ကို ၂၂၃၃ ရင်းဂစ်နှုန်း  ရှိခဲ့ပါတယ်။ ဧပြီလ ၆ ရက် နောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ်ပါတယ်။ ညနေပိုင်းဈေးပိတ် ချိန်မှာ စားအုန်းဆီဈေးက ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ၂၁၉၇ ရင်းဂစ် (၆၁၀ ဒသမ ၈၇ ဒေါ်လာ)  နှုန်းရှိ ခဲ့ရာ သုံးရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
စုစုပေါင်း ရောင်းချရတဲ့ ပမာဏက ၂၅ တန်ရှိအတွဲ ၄၅၁၇၁ တွဲရှိခဲ့ရာ ပျမ်းမျှရောင်းချနှုန်းအတွဲ ၃၅၀၀၀ အထက် မှာရှိနေပါတယ်။ ယခုအချိန်မှာ ကုန်သည်တွေက ပို့ကုန်ဝယ် လိုအားအခြေအနေကို အကဲခတ် စောင့်ကြည့်နေပါတယ်။
ကုန်စည်  စစ်တမ်းကောက်ယူရေးအဖွဲ့တွေက ရရှိတဲ့ စာရင်းအင်းကိန်းဂဏန်းတွေအရ ယခုလအတွင်း ပထမ ၁၀ ရက်မှာ မလေးရှားနိုင်ငံရဲ့ တင်ပို့မှုက ၄၅ ရာခိုင်နှုန်းမြင့်တက် ခဲ့ပါတယ်။ ဒီလိုမြင့်တက်ရတာကလည်း  အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့ခွန်ကို နောက်ထပ်မတိုးခင် ဝယ်လက်တွေ က အပြေးအလွှားဝယ်ယူ လာလို့ဖြစ်ကြောင်း ကုန်သည်တွေ က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ရေနံလက်ကျန်က ဒုတိယ ရက်သတ္တပတ်အဖြစ် ဆက်တိုက်ကျဆင်းပြီး   ဘရင့်ရေနံစိမ်း က ငါးလအတွင်း အမြင့်ဆုံးဖြစ်တဲ့ တစ်စည် ၆၇ ဒေါ်လာ နှုန်းကို ရောက်ခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ရေနံစိမ်း ဈေးကွက် ကြီး  ပြန်လည်ချိန်ကိုက်မှုတွေဖြစ်လာပြီး ခေါင်းထောင်လာ မယ်လို့ ခန့်မှန်းကြပါတယ်။
ပြိုင်ဘက်သီးနှံဖြစ်တဲ့ ပဲပုပ်ဆီက အမေရိကန်ပြည် ထောင်စုမှာ ဇူလိုင်စာချုပ်အတွက်   ချုပ်ဆိုတဲ့နှုန်းက  သုည ဒသမ ၁ ရာခိုင်နှုန်း  ကျဆင်းပြီး တရုတ်နိုင်ငံ ဒါလီယံဈေး ကွက်မှာ စက်တင်ဘာအတွက် စာချုပ်ဈေးက သုည ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပါတယ်။
ဉာဏ်တင်