Main menu

Background

စားအုန်းဆီဝယ်လိုအား အနည်းငယ်ပြန်လည်မြင့်တက်လာနိုင်ပြီး နှစ်သစ်တွင် အခြေအနေကောင်းလာနိုင်ဟုဆို

Wed, 12/20/2017 - 11:28 -- journal_editor

      စားအုန်းဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသော်လည်း ဒီဇင်ဘာလအတွင်းတွင် ဝယ်လိုအားများ အနည်း ငယ်မြင့်တက်လာခြင်းကြောင့် ဈေးပြန်လည်မြင့်တက်လာနိုင် ကြောင်း  စားအုန်းဆီထုတ်လုပ်သူ ကုန်သည်တ စ်ဦးက ပြော ကြားခဲ့သည်။ တရုတ်နိုင်ငံတွင် လူနာနှစ်သစ်ကူးပွဲတော်ကြောင့် စား အုန်းဆီလက်ကျန်များ လျော့နည်းသွားနိုင်သဖြင့် ဇန်နဝါရီ လတွင် စားအုန်းဆီဈေးနှုန်းများ ကျဆင်းနေရာမှ ပြန်လည် မြင့်တက်လာနိုင်သည်ဟု သုံးသပ်ရခြင်းဖြစ်ကြောင်း အဆိုပါ ကုန်သည်က စတားအွန်လိုင်းသတင်းသို့ ပြောကြားခဲ့သည်။
       ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ကျဆင်းလာခဲ့သည့် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများကြောင့် စားအုန်းဆီကို အသုံးပြု၍ ထုတ်လုပ်လျက်ရှိသည့် အသင့်စားခေါက်ဆွဲ ခြောက်များ၊ ချောကလက်မှသည် ဆပ်ပြာအ ထိ ထုတ်ကုန်များ၏ ဈေးနှုန်းများသည် ၁၂ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်။ ဒီဇင်ဘာ ၁၄ ရက်က စားအုန်းဆီတစ်တန်လျှင် ရင်းဂစ် ၂၄၃၀ (အမေရိကန်ဒေါ်လာ ၅၉၆)သာရှိခဲ့သည်။ အိန္ဒိယနိုင်ငံက စားအုန်းဆီတင်သွင်းခွန်ကို တိုးမြှင့်လိုက်ခြင်းကြောင့် စားအုန်းဆီတင်ပို့မှု လျော့နည်းကျဆင်းခဲ့သဖြင့် စားအုန်းဆီဈေးနှုန်းများလည်း လိုက်ပါကျဆင်းခဲ့သည်။ ထို့ပြင် ရင်းဂစ်တန်ဖိုးခိုင်မာလာခြင်းလည်း နိုင်ငံခြား ကုန်သည်များအတွက် စားအုန်းဆီဈေး ကြီးမြင့်မှုကို ဖြစ်ပေါ်စေခဲ့ရာ စားအုန်းဆီဝယ်လိုအားများ ကျဆင်းစေခဲ့သဖြင့် ယခုကဲ့သို့ စားအုန်းဆီဈေးနှုန်းများ ကျဆင်းခဲ့ရခြင်းဖြစ်သည်။
      "လူတိုင်းလူတိုင်းဟာ အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားကိုပဲ မှီခိုနေကြတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံက သွင်းကုန်ခွန်ကို တိုးမြှင့်လိုက်တဲ့အခါကျတော့ သူ့အပေါ် မှီခိုထားတဲ့အတွက် အရာရာတိုင်းဟာ နှေးကွေးသွားတော့တာပဲ။ ဒါကြောင့် အခု နှစ်ကုန်မှာ စားအုန်းဆီလက်ကျန်ကို စာရင်းကောက်လိုက် မယ်ဆိုရင် တန်ချိန်ပေါင်း ၂ ဒသမ ၇ သန်းလောက်ကျန်နေ ဦးမယ်လို့ ခန့်မှန်းထားပါတယ်"ဟု ကွာလာလမ်ပူအခြေစိုက် ကြိုရောင်းကြိုဝယ်ကုန်သည် တစ်ဦးက ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ၏ စားအုန်းဆီလက်ကျန်သည် နိုဝင်ဘာလအတွင်းက တန်ချိန် ၂ ဒသမ ၅၆ သန်းရှိခဲ့ရာ ယင်းလက်ကျန်သည် ၂၀၁၅ခုနှစ်နောက်ပိုင်း လက်ကျန်များအနက် အမြင့်ဆုံးအခြေအနေ ပင်ဖြစ်သည်ဟု ဆိုသည်။"အခုအချိန်မှာတော့ အဝယ်တွေအားလုံး ရပ်ထားတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလမှာ တရုတ်နှစ်သစ်ကူူးပွဲတော်ရှိတဲ့အတွက် နောက်လဆိုရင် တရုတ်က သူ့ပွဲတော်အတွက် စပြီးဝယ်တော့မှာပါ။ အိန္ဒိယ ကတော့ သူ့ရဲ့လက်ကျန်ကို လျှော့ချထားပါတယ်။ လာမယ့်နှစ်စရောက်မှသာ သူတို့ရဲ့ လက်ကျန်ကို ပြန်ဖော်မယ်လို့ ထင်ပါတယ်"ဟု ကွာလာ လမ်ပူရှိ CIMB ရင်းနှီးမြှုပ်နှံမှုဘဏ်မှ သီးနှံသုတေသနမှူး အိုင်ဗရီနာ့ခ်က ပြောကြားခဲ့ သည်။ လာမည့်နှစ်ဇန်နဝါရီလတွင် စားအုန်းဆီဈေးနှုန်းသည် ရင်းဂစ် ၂၄၀၀ မှ ၂၆၀၀ အထိရှိလာနိုင်ကြောင်း ၎င်းက ကြိုတင်ခန့်မှန်းထားသည်။

 

မယ်သီတာ