Main menu

Background

ဥရောပသမဂ္ဂနိုင်ငံများတွင် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူရာ၌ အခွင့်အလမ်းများရရှိနိုင်

Tue, 02/24/2015 - 20:24 -- journal_editor

အတွဲ(၁၅)၊အမှတ်(၈)

  ဥရောပဈေးကွက်တွင် စားသုံးသူများအား ကုန်စည်နှင့်ဝန်ဆောင်မှုများကို ယှဉ်ပြိုင်နိုင်သောဈေးနှုန်းဖြင့် အမျိုးမျိုးသော ကုန်ပစ္စည်းနှင့် ဝန် ဆောင်မှုများကို ဝယ်ယူခွင့်အခွင့်အလမ်းရရှိစေပါ သည်။ စားသုံးသူအခွင့်အလမ်းများကို ကုန်စည် များ ရောင်းချခဲ့သည့် လက်လီရောင်းချသူများအား တောင်းဆိုနိုင်ပြီး အကယ်၍ စားသုံးသူအနေဖြင့် မိမိပေးအပ်လိုက်ရသောတန်ဖိုးကို ကျေနပ်အားရ မှုမရှိပါက ရောင်းချသူအား ကုစားမှုများ (reme-dies)  ပေးအပ်ရန် တောင်းဆိုနိုင်ပါသည်။
စားသုံးသူ၏အခွင့်အလမ်းများ
ကုန်စည်နှင့်ဆက်နွယ်ပစ္စည်းများရောင်းချမှုအာမခံချက်ဆိုင်ရာညွှန်ကြားချက် ၉၉/၄၄/ EC အရ စားသုံးသူဆိုင်ရာ ကုန်စည်များသည် အရောင်းစာချုပ်ပါအချက်များနှင့် ကိုက်ညီရမည် ဖြစ်ပါသည်။ ပထမဦးစွာ စားသုံးသူများသည် ကုန် စည်များကို လက်ခံရရှိသည့်အချိန်တွင် အဆိုပါ ကုန်စည်များသည် ရောင်းချသူက နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ပြောကြားထားသည့် ရေးသားဖော်ပြ ထားသည့် ပြောကြားချက်များ၊ ဖော်ပြချက်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး ကုန်စည်၏နမူနာ သို့မဟုတ် ပုံစံတူပါ ကုန်စည်၏ အရည်အသွေးများကိုလည်း ပိုင်ဆိုင်ရ မည်ဖြစ်သည်။ ဒုတိယအနေဖြင့် စားသုံး သူကဝယ်ယူသည့် ကုန်စည်သည် ယင်းနှင့်တူညီ  သော အမျိုးအစားဖြစ်သည့် သာမန်အသုံးပြုသည့် ကုန်စည်များနှင့် နှိုင်းယှဉ်ပါက အသုံးပြုမည့်ရည် ရွယ်ချက်နှင့် သင့်လျော်ရမည်ဖြစ်သကဲ့သို့ ရောင်း ချသူနှင့် အရောင်းစာချုပ်ချုပ်ဆိုပြီးချိန်တွင် ရောင်းချသူမှလက်ခံထားပြီး ရောင်းချသူသို့အသိ ပေးထားသည့် စားသုံးသူမှလိုအပ်သော သီးခြား ရည်ရွယ်ချက်နှင့်လည်း သင့်လျော်ရမည်ဖြစ်ပါ သည်။
တတိယအနေဖြင့် စားသုံးသူတစ်ဦးက ကုန် စည်ဝယ်ယူရာတွင် ယင်းကုန်စည်သည် စားသုံးသူ က ကျိုးကြောင်းဆီလျော်စွာ မျှော်မှန်းနိုင်သော စိတ် ကျေနပ်ဖွယ်အရည်အသွေးနှင့် လုပ်ဆောင်ချက်တို့ နှင့် ပြည့်စုံရမည်ဖြစ်ပြီး ရောင်းချသူ၊ ထုတ်လုပ်သူ သို့မဟုတ် ၎င်းင်း၏ကိုယ်စားလှယ်တို့မှ ဖော်ပြထား သည့် ဖော်ပြချက်နှင့်လည်း ကိုက်ညီရမည်ဖြစ် သည်။  စတုတ္ထအနေဖြင့်  စားသုံးသူများက ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် ကျေနပ်အားရမှုမရှိပါက ရောင်းချသည့်အချိန်မှ     စတင်ပြီး အနည်းဆုံး နှစ်နှစ်အတွင်း အရေးဆိုနိုင် ပါသည်။ အိုင်ယာလန်နိုင်ငံတွင် စားသုံးသူတစ်ဦး အနေဖြင့် ၎င်းင်းဝယ်ယူသည့် ကုန်စည်သည် ရှိသင့် ရှိထိုက်သည့် အရည်အသွေးပြည့်မီခြင်းမရှိပါက ဝယ်ယူသည့်အချိန်မှ ခြောက်နှစ်အတွင်း အရေးဆို နိုင်ပါသည်။ ထိုကဲ့သို့ အရေးဆိုရာတွင် ကုန်စည်နှင့်ဆက်နွယ်ပစ္စည်းများရောင်းချမှု အာမခံချက် ဆိုင်ရာညွှန်ကြားချက် ၉၉/၄၄/ECအရ ကုန်စည် အား ပြန်လည်ပြုပြင်စေခြင်း သို့မဟုတ် အစားထိုး စေခြင်း၊ ဝယ်ယူခဲ့သည့် ဈေးနှုန်းအားလျှော့ချ ပေးခြင်း သို့မဟုတ် ငွေကြေးပြန်လည်အမ်းပေးခြင်း တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ အကယ်၍ ကုန်စည်ဝယ်ယူပြီး သည့်ကာလခြောက်လအတွင်း ယင်း ကုန်စည်တွင် အပြစ်အနာအဆာဖြစ်ပေါ်ခဲ့ပါ က ရောင်းချသူအနေဖြင့် အဆိုပါကုန်စည်အား စားသုံးသူ သို့ရောင်းချစဉ်အချိန်က ချုပ်ဆိုခဲ့သော စာချုပ်နှင့်ကိုက်ညီမှုရှိကြောင်း သက်သေပြ နိုင်ပြီး ကုန်စည်တွင် ဖြစ်ပေါ်သောအပြစ်အနာအဆာ သည် ဝယ်ယူခဲ့သည့်စားသုံးသူကြောင့် ဖြစ်ပေါ်ခဲ့ ပါက ရောင်းချသူထံတွင် တာဝန်မရှိပါ။
ပဉ္စမအနေဖြင့် အာမခံပေးမှုနှင့်ပတ်သက်၍ အာမခံဆိုသည်မှာ စားသုံးသူနှင့်ထုတ်လုပ်ရောင်း ချ သူတို့အကြား ထားရှိသောကတိဝန်ခံချက်ဖြစ်ပြီး ပစ္စည်းတစ်ခုအား စားသုံးသူမှဝယ်ယူပြီးသည့် အချိန် ကာလတစ်ခုအတွင်း အဆိုပါပစ္စည်းသည် ပျက်စီးချို့ယွင်းခဲ့ပါက ထုတ်လုပ်သူမှ ပြန်လည်ပြုပြင် ပေးခြင်း သို့မဟုတ် ပစ္စည်းတစ်ခုဖြင့်အစားထိုးပေး ခြင်းတို့ကို ဆောင်ရွက်ပေးခြင်းဖြစ်ကာ ပစ္စည်း ရောင်းချသူမှလည်း ထုတ်လုပ်သူပေးအပ်ထား သော အာမခံချက်အပြင် ထပ်မံ၍အာမခံချက်ပေးအပ်နိုင်ပါသည်။ ထို ကဲ့သို့အာမခံပေးအပ်ခြင်းသည် မိမိဆန္ဒအလျောက် ဆောင်ရွက်လေ့ရှိကြသည့် မူဝါဒတစ်ခုဖြစ်ပြီး လျှပ်စစ်ထုတ်ကုန်များအား လက်လီရောင်းချရာတွင် ရောင်းချသည့်အမှတ် လက္ခဏာတစ်ခုအဖြစ် ဆောင်ရွက်လေ့ရှိကြပါ သည်။ အာမခံပေးခြင်းဆိုရာတွင် စားသုံးသူ တစ်ယောက်၏ပုံမှန်အခွင့်အရေးများ ထက်ပိုမို သည့် အပိုဆောင်းအခွင့်အရေးကို ပေးအပ်ခြင်း ဖြစ်သဖြင့် ပစ္စည်းဝယ်ယူရာတွင် အာမခံမရရှိ သော်လည်း ဥပဒေအရ စားသုံးသူအခွင့်အလမ်းများရရှိဆဲဖြစ်ကာ စားသုံးသူတို့ အနေဖြင့် ပစ္စည်း ကြောင့် ထိခိုက်နစ်နာမှုဖြစ်ပေါ်ပါက အရေးဆိုမှု များကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ စားသုံးသူ တို့သည် ပစ္စည်းများဝယ်ယူရာတွင် အာမခံနှင့်ပတ် သက်၍ စည်းမျဉ်းစည်းကမ်းများကို စစ်ဆေးသင့် ပြီး အာမခံ အကျုံးဝင်သည့်ကာလ၊ နေရာဒေသ၊ အာမခံပေးသူ၏အမည်နှင့်လိပ်စာစသည့်အချက် အလက်များကို ကြည့်ရှုသင့်ပါသည်။ အိုင်ယာလန် နိုင်ငံတွင် စားသုံးသူများသည် နိုင်ငံဖြတ်ကျော်တိုင် တန်းမှုများကို dk European Consumer Center Website ဖြစ်သည့်  (http://www.eccireland.ie)  တွင် ပြုလုပ်လျက်ရှိကြပါသည်။
မျိုးမျိုးထိုက်
စားသုံးသူရေးရာဌာနခွဲ