Main menu

Background

ထိုင်းနိုင်ငံ TECB မှ မြန်မာစီးပွားရေးလုပ်ငန်းရှင်များအတွက် ဆွဲဆောင်မှုများစွာပေးမည့် ကုန်စည်ပြပွဲများအား ဖိတ်ကြား

Mon, 03/23/2015 - 19:48 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

       ထိုင်းနိုင်ငံ ယဉ်ကျေးမှုနှင့် ပြပွဲဗျူရို (TECB)  သည် ထိုင်းနိုင်ငံ၏ Roadshow တစ်ခုဖြစ်သည့် Business in Thailand: Your Borderless Business Potential & New Incentive Program Lunch for Myanmar Market အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါအစီအစဉ်တွငTECBမှပြုလုပ်လျက်ရှိသည့်  ကုန်စည်ပြပွဲများ တွင် လာရောက်လေ့လာမည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် ကုန်သည်များအား ဆွဲဆောင်မှုများစွာဖြင့် လာရောက်ကြည့် ရှုလေ့လာကြရန် စည်းရုံးလျက်ရှိကြောင်း သိရသည်။
TECBအနေဖြင့် အဆိုပါအစီအစဉ်ကိုMICE  နှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၅ခုနှစ်ကုန်ပိုင်းတွင် ဖြစ်ထွန်း လာမည့်  အာဆီယံစီးပွားရေး အသိုက်အဝန်းဆီသို့ ချဲ့ထွင်နိုင်ရန်နှင့် အနာဂတ်ရည်မှန်းချက်များအတွက် နားလည်မှုစာချွန်လွှာ ကို UMFCCIနှင့် ၂၀၁၄ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။TECB အနေဖြင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်း ရှင်များအား လာရောက်လေ့လာလည်ပတ်ရန်အတွက် ၂၀၁၄ ခုနှစ်ကလည်း ယခုကဲ့သို့လုပ်ဆောင်ခဲ့သည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ  စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လေ့လာခြင်းမပြုသည်ကို TECB မှ ထုတ်ပြန်သည့်စာရင်းများ အရသိရသည်။
အဆိုပါTECBမှထုတ်ပြန်သည့် စာရင်းများအရTECB မှ၂၀၁၄ ခုနှစ်အတွင်းပြုလုပ်သည့်ပြပွဲများ၊ ဆွေးနွေးပွဲများ သို့ လာရောက်လေ့လာသည့် ဧည့်သည်တော်များအနက် ဂျပန်နိုင်ငံမှ အများဆုံးဖြစ်ပြီး လာရောက်ပြသသည့် စီးပွားရေးလုပ် ငန်းရှင်များအနက် တရုတ်နိုင်ငံမှအများဆုံးဖြစ်ကြောင်းသိရသည်။TECBအနေဖြင့် ယခု ၂၀၁၅ ခုနှစ်အတွင်း ပြသမည့် ကုန်စည်ပြပွဲများ၊ ဆွေးနွေးပွဲများသို့  ဧည့်သည်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်စုစုပေါင်း  ၁ç၀၃၆ç၃၀၀ ခန့်လာရောက်ရန် ရည်မှန်းထားပြီး အဆိုပါလာရောက်မှုမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၄သန်းရရှိ ရန် မျှော်မှန်းထားကြောင်း သိရသည်။
ယခုနှစ်အတွင်းပြသမည့်ပြပွဲများသို့ လာရောက်လည်ပတ်သည့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ မှ ၂၄၉ ဦး ကိုခေါ်ဆောင်လာပါက ပုံမှန်ပေးအပ်ငွေအပြင် အမေရိကန်ဒေါ်လာ ၅၀၀ မှ ၁၂၄၅အထိရရှိမည်ဖြစ်သည်။ လုပ်ငန်းရှင် ၂၅၀မှ ၄၉၉ ဦးအထိ ခေါ်ဆောင်လာပါက ပုံမှန်ပေးအပ်ငွေအပြင်  အမေရိကန်ဒေါ်လာ ၂၅၀၀မှ ၄၄၉၀ အထိရရှိမည်ဖြစ် သည်။ ထို့ပြင် စီးပွားရေးလုပ်ငန်းရှင် ၄၅၀အထက်ကို ခေါ်ဆောင်လာပါက အမေရိကန်ဒေါ်လာ ၆၇၅၀ အထိ ငွေသားပြန် လည်ထုတ်ပေးမည့်  အစီအစဉ်များကို ပြုလုပ်ထားကြောင်း သိရသည်။ အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံအတွက် ပြုလုပ် သည့်အထူးအစီအစဉ်သစ်ဖြစ်ပြီး Business Matching ပြုလုပ်နိုင်မည့် အဖွဲ့အစည်းများအတွက် ပြန်လည်ပေးအပ်မည့်အထူး  အစီအစဉ်ဖြစ်ကြောင်း သိရသည်။                                                                
       မယ်သီတာ