Main menu

Background

အီသနောဈေးနှုန်း ကျဆင်းမှုကြောင့် ပြောင်းစိုက်တောင်သူတို့ ရင်ပူစရာဖြစ်

Fri, 02/20/2015 - 16:08 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

            အီသနောဈေးနှုန်းတွေ ကျဆင်းမှုကြောင့် ပြောင်းရပ်ဝန်းမှာ စိတ်ပူစရာ တစ်မျိုးတိုးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အိုင်အိုဝါပြည်နယ်ရှိ အပတ် စဉ်  လက်ငင်းဈေးကွက်မှာ အီသနောဈေးက နိုဝင်ဘာလ ကုန်က တစ်ဂါလံကို ၂ ဒသမ ၄၂ ဒေါ်လာနှုန်းရှိခဲ့ရာမှ ဇန်နဝါရီလလယ် မှာတစ်ဂါလံကို ၁ ဒသမ ၂၇ ဒေါ်လာနှုန်းထိ ကျဆင်းခဲ့ကြောင်း အီလီနွိုက် တက္ကသိုလ်လယ်ယာ စိုက်ပျိုး ရေးစီးပွားရေးပညာရှင် စကော့အာဝင်းကပြောပါတယ်။
''အီသနောဈေးကို ကျွန်တော်စပြီး ကောက်ယူစာရင်းပြုစုခဲ့တဲ့ ၂၀၀၇ ခုနှစ်နောက်ပိုင်းမှာ ဒီဈေးနှုန်းက အနိမ့်ဆုံးဈေးနှုန်းဖြစ်ပါတယ်''လို့ အာဝင်းက ပြောပါ တယ်။ဈေးနှုန်း  ဒီလောက်ကျနေရင် အီသနောထုတ်လုပ်သူတွေအတွက် အကျိုးအမြတ် မရှိနိုင်ပါဘူး။ အကျိုးအမြတ်နည်းလို့ အီသနောထုတ်လုပ်သူတွေ က ထုတ်လုပ်မှုကိုလျှော့ချလိုက်ရင် ပြောင်းအသုံးနည်းသွားတဲ့အတွက်  ဈေး တွေထပ်ပြီး ကျလာနိုင်စရာရှိပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ထွက်ရှိတဲ့ ပြောင်းရဲ့ သုံးပုံတစ်ပုံကို အီသနောထုတ် လုပ်ရာမှာ အသုံးပြုပါတယ်။ဈေးနှုန်းတွေကျလာတာကြောင့် ပြောင်းစိုက်တောင်သူတွေက ၂၀၁၅ ခုနှစ်မှာ လျှော့စိုက်ဖို့စဉ်းစားလာကြပါ တယ်။ လာမယ့် နှစ်လအတွင်း ပြောင်း ဈေးတွေ တက်မလာဘူးဆိုရင်တော့ ပြောင်းစိုက်ဧက ၄ သန်းလောက်ကို ပဲပုပ် ပြောင်းစိုက်ဖို့ စဉ်းစားထားကြောင်း မကြာမီက  အသံလွှင့်ခဲ့တဲ့ "U.S Farm Report"  အစီအစဉ်မှာ Blue Reef Agri Maketing အေဂျင်စီမှ ချစ်ပ် နယ် လင်ဂျာက ပြောပါတယ်။အီသနောထုတ်လုပ်ရေးကဏ္ဍကတော့ ၂၀၁၅ ခုနှစ်မှာ ပြည်တွင်းသုံးစွဲမှု ပိုမိုလာလိမ့်မယ်လို့ အကောင်းဘက်ကကြည့်ပြီး ခန့်မှန်းထားပါတယ်။ ဓာတ်ဆီ ဈေးနှုန်းတွေ ကျဆင်းလာတဲ့အတွက် လူတွေက ယာဉ်တွေကိုပိုမို မောင်းနှင်လာ ကြသလို ဆီစားများတဲ့ SUV  ကားကြီးတွေကိုပိုမိုဝယ်ယူလာလိမ့်မယ်လို့ အီသနောထုတ်လုပ်သူတွေက ခန့်မှန်းထားပါတယ်။ ချီကာဂိုအခြေစိုက် ADM နဲ့တခြား အီသနောထုတ်လုပ်သူတွေက  E.15 လို့ခေါ်တဲ့ အီသနော ၁၅ ရာခိုင် နှုန်းပါတဲ့ ဓာတ်ဆီကိုသုံးဖို့ ဓာတ်ဆီဆိုင်တွေကို အားပေးလှုံ့ဆော်လျက်ရှိပါ တယ်။  အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှာလည်း အီသနောဝယ်လိုအားက မြင့် တက်နေပါတယ်။ ၂၀၁၄ ခုနှစ်မှာ အီသနောတင်ပို့မှုက ၂၅ ရာခိုင်နှုန်းမြင့် တက်ခဲ့ပါတယ်။ ဒါပေမယ့် အီသနောလုပ်ငန်းကရတဲ့  အကျိုးအမြတ်က နိုဝင် ဘာကစပြီး ကျဆင်းလာခဲ့တာ ဇန်နဝါရီ လအတွင်းကဆိုရင်  အရှုံးပင်ပြခဲ့တယ် လို့ အာဝင်းက ပြောပါတယ်