Main menu

Background

မော်တော်ယာဉ် အရောင်းပြခန်းများတွင်ရောင်းချရန် မော်တော်ယာဉ်တင်သွင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များထုတ်ပြန်

Tue, 03/31/2015 - 21:08 -- journal_editor

အတွဲ(၁၅)အမှတ်(၁၃)

၂၀၁၅ ခုနှစ် ပြက္ခဒိန်နှစ်အတွက် မော်တော်ယာဉ် အရောင်းပြခန်း(Show Room) တွင် ရောင်းချရန် ပြည်ပမှ မော် တော်ယာဉ် တင်သွင်းလာသူများ လိုက်နာရမယ့် စည်းကမ်းချက် များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးရုံးမှ မတ်လ ၁၈ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ ၂၀။၂၀၁၅ ဖြင့်ထုတ်ပြန်လိုက်ကြောင်းသတင်းရရှိပါတယ်။
အဆိုပါအမိန့်ကြော်ငြာစာမှာ-
-    မော်တော်ယာဉ်အရောင်းပြခန်း(Show Room) တွင် ရောင်းချရန် တင်သွင်းလာသည့် မော်တော်ယာဉ်များ သည် အသစ် (Brand New) ဖြစ်ရမည်။
-    တင်သွင်းလာမည့်မော်တော်ယာဉ်များ၏ Model Yearသည် ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့်ပြီး (လက်ရှိကာလတွင် ၂၀၁၄ ခုနှစ်နှင့်၂၀၁၅ ခုနှစ် မော်ဒယ်) အသုံးမပြုရသေးသောBrand New  (ဘယ်စတီယာရင်)ယာဉ်ကိုသာ တင်သွင်းရမည်။
-    အရောင်းပြခန်းဖွင့်လှစ်ရန်အတွက် မြန်မာနိုင်ငံသားက ဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ် ဆောင်ရွက်ခြင်းဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် ဝန်ဆောင်မှုကုမ္ပဏီဖြင့်မှတ်ပုံ တင်ရမည်ဖြစ်ပြီး ၎င်းင်းကုမ္ပဏီသည် တစ်ဖက်နိုင်ငံရှိ ပင်ရင်းကုမ္ပဏီမှဖြစ်စေ၊ Reagional Office  မှဖြစ်စေ  မော်တော်ယာဉ်အသစ်များ  ဖြန့်ဖြူးရောင်းချရန် အရောင်းကိုယ်စားလှယ်Distributorship  ဖြင့် တရားဝင် ခန့်အပ်ခြင်းခံရသူဖြစ်ရမည်။
-    မော်တော်ယာဉ်အရောင်းပြခန်း (Show Room)ကို အဆင့်မီစွာ တည်ထောင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
-    တင်သွင်းသည့် မော်တော်ယာဉ်အသစ်များအတွက်  လိုအပ်သည့်အာမခံမှု၊ Spare Parts အပိုပစ္စည်းများ ရောင်းချနိုင်မှု၊ ရောင်းချပြီးနောက်ပိုင်း ပြင်ဆင်မှု များ(After Sale Services)ကိုဆောင်ရွက်နိုင်မည့် အလုပ်ရုံကို တည်ထောင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
-    သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များထံမှ လုပ်ငန်း လုပ်ကိုင်ခွင့်ကို လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြခွင့်ပြု ချက်ရရှိပြီးမှသာအရောင်းပြခန်း(Show Room) ဖွင့်လှစ် ဆောင်ရွက်ရမည်။
-    မော်တော်ယာဉ်အရောင်းပြခန်း (Show Room)တွင် ပြသ ရောင်းချမည့် မော်တော်ယာဉ်များကို အပ်ကုန်(Consig-nment Basic) စနစ်အပြင် LC (Letter of Credit)  ငွေလွှဲ စာတမ်းဖြင့် ပေးချေသည့်စနစ် သို့မဟုတ်  TT(Telegr-aphic Transfer) ကြေးနန်းငွေလွှဲပို့နည်းစနစ်ဖြင့် တင် သွင်းနိုင်သည်။
-    မော်တော်ယာဉ်စီးရေ ၃၀၀ အထိတင်သွင်းနိုင်သည်။
-    တင်သွင်းလာသော မော်တော်ယာဉ်များကို အရောင်းပြခန်းနှင့်သိုလှောင်ရုံတွင်သာထားရှိရမည်။ အရောင်း  ပြခန်းမှအပ အခြားနေရာများတွင် ပြသရောင်းချခြင်း၊ ဝယ်သူအား ရောင်းချခြင်းမပြုမီ လမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်း လုံးဝမပြုလုပ်ရ။
-    အရောင်းပြခန်းဖွင့်လှစ်ဆောင်ရွက်မည့် ကုမ္ပဏီ၏ ဘဏ် စာရင်းတွင် အာမခံငွေ(Deposit)အဖြစ် အမေရိကန် ဒေါ်လာ (၁) သိန်းအား နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ဆောင် ရွက်ခွင့်ရှိသော ဘဏ်တစ်ခုခုတွင် ထည့်သွင်းသိမ်းဆည်း ထားရမည်။
-    အပ်ကုန်(Consignment Basic ) စနစ်ဖြင့် တင်သွင်းခဲ့ သည့် မော်တော်ယာဉ်များရောင်းချခြင်း၊ ငွေလွှဲခြင်း၊ လက်ကျန် စာရင်းရှင်းလင်းခြင်း (သို့မဟုတ်) လုပ်ငန်းရပ် ဆိုင်း၍ သတ်မှတ်ထားသော စည်းကမ်းများနှင့် အညီ စာရင်းရှင်းလင်းခြင်းတို့ကို အပြီးသတ်ဆောင်ရွက်ပြီး ပါက အပ်နှံထားသော အာမခံငွေ(Deposit)ဒေါ်လာ (၁)သိန်းအား ပြန်လည်ထုတ်ယူနိုင်သည်။
-    မော်တော်ယာဉ်အရောင်းပြခန်းလုပ်ငန်းဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ထားရှိရမည့် စာရွက်စာတမ်း၊ စာရင်း စာအုပ်စသည်တို့ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကဖြစ်စေ၊ ဝန်ကြီးဌာနမှ တာဝန်လွှဲအပ် သည့် အဖွဲ့အစည်းမှဖြစ်စေ ဤသို့ဝင်ရောက် စစ်ဆေး ခြင်းကို သက်ဆိုင်ရာလုပ်ငန်းရှင်မှ ခွင့်ပြုရမည်။
-    အရောင်းပြခန်းလက်မှတ်၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်တို့အား အနည်းဆုံးသက်တမ်း မကုန်မီ(၁) လ ကြိုတင်၍ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားရ မည်။                                                                    

ပန်