အတွဲ(၁၅)အမှတ်(၁၇)
မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်း ကြောင်းတွင် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်းများ ဆောင် ရွက်နေသောMobile Team လရ-၂ အဖွဲ့ကို သတင်းပေး တိုင် ကြားချက်အရ မတ်လ ၂၇ ရက်နေ့မှာ မော်တော်ယာဉ် လေးစီးအား ညောင်ခါး ရှည်၌ တားဆီး နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြဝတီမှ သွင်းကုန်ပစ္စည်းများကို လိုင်စင်/IDကြေညာတင်ဆောင် လာသော မော်တော်ယာဉ်များတွင် တရားမဝင်/အကောက်ခွန်မဲ့ပစ္စည်း များ တင်ဆောင်မှုရှိနေကြောင်း တရား မဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ သတင်းပေးခဲ့တာ ဖြစ်ပါတယ်။
သတင်းပေးတိုင်ကြားချက်အရ တားဆီးခဲ့သော ယာဉ်လေးစီးမှာ သွင်း ကုန်လိုင်စင်၊ သွင်းကုန်ကြေညာလွှာ(ID)ထက်ပိုမိုတင်ဆောင်လာခြင်း၊
အကောက်ခွန်မဲ့ပစ္စည်းများပါရှိခြင်း တို့ကြောင့် ညောင်ခါးရှည်တွင် စစ်ဆေး ပါက မလိုလားအပ်သော အုပ်ချုပ်မှု ကိစ္စများ ပေါ်ပေါက်လာနိုင်တာကြောင့် ရန်ကုန်-ဆူးလေဆိပ်ကမ်း မြေပြင်ချစစ် ဂိုဒေါင်ဝင်းသို့ ပို့ဆောင်စေလွှတ်ပြီး အထူးစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ တရားမဝင်အကောက်ခွန်မဲ့ တင်သွင်းလာတဲ့ပစ္စည်းများကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့သိရပါတယ်။ ဖမ်းဆီးရ မိတဲ့ပစ္စည်းများမှာ- ဂြိုလ်တုရုပ်သံဖမ်း စက် Digital Receiver ၁၁၀၀ စုံ၊ စလောင်ဗန်း PSI 2' ၁၁၀၀ ခု၊ စလောင်းဒေါက် ၁၁၀၀ ခု၊ စလောင်း ထိပ်ဖူး ၁၁၀၀ ခု၊ စလောင်းဖမ်းစက် ၁၁၀၀ ခု၊ Water Cooler ၄၈ လုံး၊ Speaker ၃၃၂လုံး၊ Coaxial Cable ၁၅၈၄ ဒသမ ၈ ကီလိုဂရမ်၊Export စားပွဲ တင်ပန်ကာ ၁၂လက်မ၂၂၇ လုံး၊ စားပွဲတင် ပန်ကာ ၁၆လက်မ ၄၀ လုံး အဝတ်လျှော်စက် ၤFully Auto ၃၂ လုံး၊ အဝတ်လျှော်စက်Semi Auto ၆ လုံး၊ Synthetic Cotton Fabric(ပြောင်) ၆၈၂ ကီလိုဂရမ်၊ အမျိုး သမီးဝတ်ထမီ ၁၂၆ ထုပ်၊ နိုင်လွန်ဇာ ၁၉ ထုပ်၊ အဝတ်အစားဟောင်း ဘေ ထုပ် ၈၀ ထုပ်၊ နို့မှုန့်(Nestle) ၁၂၀ ကီလိုဂရမ်၊ ခေါက်ဆွဲထုတ် ၁၀၉ ဖာ၊ ပါရာစီတမော(1 x 500x 100 )၁၅ Pkg နဲ့ တာပင်တိုင်ဆီ ၂၄၀ ပုံး တို့ဖြစ်ကြပါ တယ်။
အဆိုပါ စစ်ဆေးတွေ့ရှိခဲ့တဲ့ အကောက်ခွန်မဲ့ တင်ဆောင်လာသော ပစ္စည်းများအား ဥပဒေ လုပ်ထုံး လုပ် နည်းနဲ့အညီ အကောက်ခွန်အမှုတွဲ ဖွင့် လှစ်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
MIRT