Main menu

Background

ဓါတ်ဆီ ဒီဇယ်

Wed, 06/17/2015 - 19:11 -- journal_editor

ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ် တန်ချိန် ၃၆၁ တန်ကျော်ဝင်
မေ ၃၁ ရက်မှ ဇွန် ၆ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၂၇၈၀၅၆၅   တန်ဖိုးရှိ ဓာတ်ဆီ ၂၁၄ ဒသမ ၄၆နဲ့ ကန်ဒေါ်လာ၉၄၇၀၀၁၆ တန်ဖိုးရှိ ဒီဇယ် ၁၄၇ ဒသမ ၀၄၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှတင်သွင်းရန် သွင်းကုန် လိုင်စင်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဓာတ်ဆီအဝင်မှာ ၁၈၂ တန်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ  ၃၁ ဒသမ ၉၄ တန် အဝင်ပိုခဲ့တယ် လို့သိရပါတယ်။ ဒီဇယ်က ယခင်သီတင်းပတ်မှာ တင်သွင်းမှုလျော့ခဲ့ပြီး ဒီတစ်ပတ်မှ ပြန်လည်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ပတ် ဒီဇယ်ရော ဓာတ်ဆီပါ အဝင်ပိုခဲ့ပါ တယ်။
ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ဇွန်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ အတွင်းရောင်းချနေတဲ့ ဓာတ်ဆီ၊  ဒီဇယ်ဈေးများက မော်လမြိုင်နဲ့  တောင်ကြီးမှာ ဈေးငြိမ်နေပြီး ရန်ကုန်မှာ  ဈေးမြင့်နေတယ်လို့ သိရပါတယ်။ဒီတစ်ပတ်ပြင်ပမှာ လက်လီရောင်းချနေတဲ့ ဒီဇယ်၊ ဓာတ်ဆီပီပါ ဈေးများမှာလည်း ယခင်တစ်ပတ်ဈေး နှင့် နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်မှာ ဓာတ်ဆီဈေးအပြောင်းအလဲ  သိပ်မရှိပေမယ့် ဒီဇယ်က ဈေးနည်းနည်းမြင့် လာတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့   ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ  ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဒီဇယ်၇၃၀ ကျပ်၊ အောက်တိန်း(၉၂) ၇၈၀ ကျပ်၊ အောက်တိန်း(၉၅)၈၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၇၈၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ပီပါ ဈေးများမှာ ဇွန်လ ၈ ရက်နေ့ ဓာတ်ဆီ ဝယ်ဈေး ၁၄၂၀၀၀ ကျပ်၊ ရောင်းဈေး ၁၄၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ၁၀ ရက်မှာတော့ ဝယ်ဈေး၊ ရောင်းဈေး ၁၀၀၀ ကျပ်ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇယ်ဈေးမှာဇွန် ၈ ရက်မှာ ဝယ်ဈေး ၁၄၁၀၀၀ ကျပ်၊ ရောင်းဈေး ၁၄၃၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ရာမှ ၁၀ရက်မှာ ဝယ်ဈေး၊ရောင်းဈေး ၁၀၀၀ ကျပ်ဈေးမြင့်ခဲ့ပြီး ၁၁ ရက်တွင် ဝယ်ဈေး ၁၅၁၀၀၀ ကျပ်၊ ရောင်းဈေး ၁၅၃၀၀၀ ကျပ်ထိ  ဈေးမြင့်ခဲ့ တယ်လို့ သိရပါတယ်။ တစ်ဂါလန် ဝယ်ဈေး၊ရောင်းဈေးများမှာ ဓာတ်ဆီဈေးက တစ်ဂါလန် ၃၅၀၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ဓါတ်ဆီ၊ဒီဇယ် အရောင်းအဝယ်သမားတစ်ဦးထံမှ စုံစမ်းသိရှိခဲ့ပါတယ်။          
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ် ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင်ရောင်းချနေတဲ့ဈေးမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ ဓာတ်ဆီနဲ့ အောက်တိန်းမှာ ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံး ဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ ၇၇၀ ကျပ်၊ အောက်တိန်း ၈၃၀ ကျပ်၊ ဒီဇယ် ၇၇၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၈၂၀ ကျပ်နဲ့ ရောင်းချနေပါတယ်။ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇွန် ၈ ရက်မှာ ဒီဇယ်ဝယ်ဈေး ၁၄၅၀၀၀ ကျပ်၊ရောင်းဈေး ၁၄၈၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ် ရာ ၁၀ ရက်တွင် ဝယ်ဈေး၊ ရောင်းဈေး ၆၀၀၀ ကျပ် ဈေးမြင့်ခဲ့ပြီး ၁၁ ရက်တွင် ဝယ် ဈေး ၁၅၂၀၀၀ ကျပ်၊ရောင်းဈေး ၁၅၅၀၀၀ ကျပ်နဲ့ ရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဇွန်လ၈ ရက်နေ့ ဝယ်ဈေး၁၄၇၀၀၀ ကျပ်၊ရောင်းဈေး ၁၅၀၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့ယှဉ်ရင် ဓာတ်ဆီဈေး သိပ်မပြောင်းလဲပေမယ့် ဒီဇယ်ဈေး ၇၀၀၀ ကျပ်ဝန်း ကျင်ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ၃၆၀၀ ကျပ်၊ ဓာတ်ဆီ ၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။
မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိက   စက်သုံးဆီဆိုင်ရဲ့   ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာရောင်းချနေတဲ့ဈေးများက ဓာတ်ဆီ တစ်ဂါလန် ၃၇၈၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၃၂၈၅ ကျပ်၊ အောက်တိန်း ၃၄၆၅ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါ တယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀ ကျပ်၊ ဒီဇယ် တစ်ဂါ လန် ၃၃၀၀ ကျပ်၊  အောက်တိန်း ၃၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ဓာတ်ဆီ၊   ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။   ဒီတစ်ပတ် စက်သုံးဆီဈေးများငြိမ်နေတယ်လို့ သိရပါတယ်။ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဈေးမှာ ဓာတ်ဆီတစ်ဂါလန် ၃၄၀၀ ကျပ်၊ ဒီဇယ်၃၁၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရှိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ ၃၅၀၀ ကျပ်၊ ဒီဇယ် ၃၁၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါ တယ်။                                                                                   

  MIRT-DOT