Main menu

Background

ကော့သောင်း ကုန်သွယ်ရေးစခန်းက အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပိုမိုတင်ပို့နိုင်

Wed, 06/17/2015 - 20:06 -- journal_editor

မြန်မာ-ထိုင်း  နယ်စပ်ရှိ ကော့သောင်းစခန်းက ၂၀၁၅ ခုနှစ် မေလအတွင်း ပို့ကုန် ကန်ဒေါ်လာ ၃ ဒသမ ၁၂၁ သန်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလ ဧပြီလထက် ကန်ဒေါ်လာ သုည ဒသမ ၁၂၉ သန်း ပိုမိုခဲ့ရခြင်းမှာ သီဟိုဠ်စေ့၊ ပုစွန်၊ ပင်လယ်ငါးရှဉ့်၊ ကင်းမွန်တို့ လျော့နည်းတင်ပို့ခဲ့သော်လည်း ငါးမျိုးစုံ၊ ရေဘဝဲ၊ ငါးလေးခြောက်နဲ့  ကဏန်းတို့ ပိုမိုတင်ပို့ နိုင်ခဲ့၍ ဖြစ်ပါတယ်။ ယမန်နှစ်ကာလတူဖြစ်သော ၂၀၁၄ ခုနှစ် မေလထက် သုည ဒသမ ၂၇၉ သန်းပိုမိုခဲ့ရခြင်းမှာ ပင်လယ် ငါးရှဉ့်၊ ရေဘဝဲတို့ လျော့နည်းတင်ပို့ခဲ့သော်လည်း သီဟိုဠ်စေ့၊ ရော်ဘာပင်အိုခြောက်၊ ငါးမျိုးစုံ၊ ပုစွန်၊ ငါးလေးခြောက်နဲ့ ကင်းမွန် ပိုမိုတင်ပို့ခဲ့၍ ဖြစ်ပါတယ်။
ကော့သောင်းကုန်သွယ်ရေးစခန်းရဲ့ အများဆုံးပို့ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ၊ ကင်းမွန်၊ သီဟိုဠ်စေ့  ပုစွန်၊  ှ Stoinless Steel Scraps၊ ပင်လယ်ငါးရှဉ့်၊ ဆီအုန်းကြိတ်ဖတ်၊ ငါးလေးခြောက်၊ ရေဘဝဲ၊ ကဏန်းတို့ဖြစ်ပါတယ်။        
 ခင်မြနွယ်  MIRT