Main menu

Background

၀ယ်လက်ကြောင့် ပြည်နှမ်းစျေးများပြန်မြင့်လာ

Thu, 10/15/2020 - 15:23 -- journal_editor

ပြည်စျေးကွက်တွင် ယခုအပတ် နှမ်းစျေးများမှာ နှမ်းနီနှင့် စမုံနက်နှမ်းစျေး မြင်လာပြီး နှမ်းနက်စျေး ငြိမ်နေတာတွေ့ရပါတယ်။  မိုးနှမ်းအသစ်များကို မြန်အောင်၊ ကြံခင်း၊ မင်းတုန်းနှင့် မိုးညိုဘက်မှ ၂ ရက်ခြား ၃ ရက်ခြားတစ်ခါ၀င် ရောက်ပြီး ၀င်ရောက်လာလျှင်လည်း အိတ် ၈၀၀-၁၀၀၀ ခန့်သာ ၀င်ရောက်လျက်ရှိတာ တွေ့ရပါတယ်။  နှမ်းနီမှာ အထွက်နည်းပြီး  မြို့တွင်းဆီစက်နှင့် မကွေးရှိဆီစက်များကအ၀ယ်ရှိလို့ ယခင် အပတ်ထက်စျေးနှုန်းမြင့်တက်လာသလို စမုံနက်နှမ်းကို မန္တလေး၀ယ်လက်များက တရုတ်ပို့ရန် အ၀ယ် ရှိတဲ့အတွက် စျေးမြင့်တက်လာတယ်လို့သိရပါတယ်။ ယခုအပတ်နှမ်းစျေးများမှာ နှမ်းနီ သုံးတင်းတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ နှမ်းနက် သုံးတင်းတစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်၊ စမုံနက်နှမ်း သုံးတင်းတစ်အိတ်လျှင် ၂၀၅၀၀၀ ကျပ်ဖြင့် ပြည်စျေးကွက်တွင် ရက်ခြားအရောင်းအ၀ယ်ဖြစ်လျက်ရှိပါတယ်။

ဝေဝေမင်း(ပြည်)