Main menu

Background

မွန်ပြည်နယ်တွင် RSS-3 ရော်ဘာတစ်ပေါင်(၈၀၀)ကျပ်ဖြင့် ယခင်နှစ်အလားတူကာလထက် ဈေးနှုန်းမြင့်တက်လာ

Tue, 10/27/2020 - 14:38 -- journal_editor

မွန်ပြည်နယ်တွင် မိုးရာသီရော်ဘာအစေးလှီးခြင်းလုပ်ငန်းများ ရပ်နားထားပြီး အစေးလှီး ရာသီပြန်လည်စတင်သည်(စက်တင်ဘာလကုန်အောက်တိုဘာပထမပတ်)မှ ယခုအချိန်ကာလထိ မိုးတစ်ပြိုက်/နေတစ်ပြိုက် မြေဆီလွှာများ စိုစွတ်နေသည့်အတွက် အစေးထွက်နှုန်းကောင်းမွန် ကြောင်း၊ ထွက်ရှိရော်ဘာများအား ကုမ္ပဏီ/ရော်ဘာ အဝယ်ဒိုင်များဘက်မှ ဝယ်ယူမှုများပြား လာကြောင်းသိရှိရသည်။ ယခုပတ်အတွင်း RSS-3 ရော်ဘာတစ်ပေါင် (၈၀၀)ကျပ်ထိ ဈေးနှုန်း မြင့်တက်နေကြောင်း ရော်ဘာဈေးကွက်မှ သိရှိရသည်။

ဝယ်လိုအားနှင့် ယခင်နှစ်ထက်ဈေးနှုန်းမြင့်တက်လာမှုကြောင့် ထွက်ရှိရာဘာ(အစေးရည်/ နေလှမ်းပြား/မှိုင်းခံပြား)များဈေးကွက်အတွင်းရောင်းချမှုများပြားနေပြီး RSS-3ရော်ဘာတစ်ပေါင် စျေးနှုန်းအခြေအနေမှာ ယခုပတ် ၂၀၂၀၊ အောက်၂၆ ရက် (တနင်္လာနေ့)တွင် (၈၀၀)ကျပ်၊ ယခင်နှစ်အလားတူကာလတွင်(၇၆၀)ကျပ် ဖြစ်ပေါ်နေသည့်အတွက် ယခင်နှစ်ထက် ဈေးနှုန်းပိုမို ရရှိကြောင်း၊ Covid ကာလ အောက်တိုဘာလအတွင်း နှစ်ပတ်ဆက် RSS-3 ရော်ဘာတစ်ပေါင် (၁၀၀)ကျပ်ထိမြင့်တက်နေပြီး ဈေးနှုန်း ထပ်မံ မြင့်တက်လာနိုင်ကြောင်း ရော်ဘာဈေးကွက် (ရောင်း/ဝယ်သူများ)မှ သိရှိရပါသည်။

 

 

                                                                   ဝင်းမြတ်၊ ရာမညကုန်သွယ်မှုဗဟိုဌာန