Main menu

Background

အတက်ဈေးနှုန်းနှေးသော်လည်း အကျဈေးနှုန်းမြန်ဆန်သည့် မွန်ပြည်နယ်ထွက် ရော်ဘာဈေးကွက်

Thu, 11/05/2020 - 14:46 -- journal_editor

မွန်ပြည်နယ်တွင် အစေးလှီးရာသီ ပြန်လည်စတင်ချိန်တွင် မိုးတစ်ပြိုက်/နေတစ်ပြိုက် မြေဆီလွှာများ စိုစွတ်နေပြီး အစေးထွက်နှုန်းကောင်းမွန်သော်လည်း အချိန်အခါမဲ့ မိုးရွာသွန်းမှု‌ များကြောင့် အစေးလှီးလုပ်ငန်းအချို့ ထိခိုက်မှု ရှိခဲ့ကြောင်း သိရှိရသည်။ အောက်တိုဘာလအတွင်း ရော်ဘာဈေးမြင့်တက်ခဲ့ရာ တစ်ရက်လျှင် ကျပ် ၁၀-၂၀ နှုန်းဖြင့် နှစ်ပတ်အတွင်း RSS-3 ရော်ဘာ တစ်ပေါင် ကျပ် ၁၀၀ ထိ မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

RSS-3 ရော်ဘာတစ်ပေါင်ဈေးနှုန်းပြောင်းလဲမှုမှာ ၂၀၂၀ အောက်တိုဘာ ၁၂ တွင် (၇၀၀) ကျပ်၊ အောက် ၁၉ တွင် (၇၅၀)ကျပ်၊ အောက် ၂၆ ရက်တွင် ကျပ် ၈၀၀ နှင့် အောက် ၃၁ တွင် ကျပ် ၈၄၀ ထိတစ်ရက်လျှင် ကျပ် ၁၀-၂၀ နှုန်းဖြင့် တစ်ဖြည်းဖြည်းဈေးနှုန်းမြင့်တက်ခဲ့ပြီး နို ၃ ရက်တွင် ကျပ် ၇၇၀ နှင့် နို ၄ ရက်နေ့တွင် ကျပ် ၇၄၀ ဖြင့် ၄ ရက်အတွင်း ကျပ် ၁၀၀ ထိ အကျဈေးနှုန်းမြန်ဆန်ကြောင်း ရော်ဘာဈေးကွက်(ရောင်း/ဝယ်သူများ)မှ သိရှိရပါသည်။

ဝင်းမြတ်၊ ရာမညကုန်သွယ်မှုဗဟိုဌာန