Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင် ကောက်စောစပါးများထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

Thu, 11/05/2020 - 15:38 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် ကောက်စောစပါးများရိတ်သိမ်းပြီးစီး၍   မြို့နယ်အများစုတွင် ချွေလှေ့ပြီးစီးဖြစ်ပါသည်။ ဈေးနှုန်းများနှင့်ဝယ်ယူမှုများသည်လည်း မြို့နယ် အလိုက်ကွာခြားမှုရှိနေပါသည်။ ပုသိမ်ခရိုင် အတွင်းရှိ ကန်ကြီးထောင့်မြို့နယ်၊ ကျုံပျော်မြို့နယ်နှင့် ကျောင်းကုန်းမြို့နယ်များတွင် စပါးအစို၅၀ပေါင်ဖြင့် ဆန်စက်အရောက် ကျပ် ၄၈၀၀၀ဝ ဖြင့် လည်းကောင်း၊ စပါးအခြောက်ကို ဆန်စက်အရောက် ၄၆ပေါင်ဈေးနှုန်း ကျပ် ၅၃၀၀၀ဝ ရှိနေ ပါသည်။

ဟင်္သာတမြို့နယ်တွင် ၅၅ပေါင်ဖြင့်ဆန်စက်အရောက် စပါးအခြောက်ခံပြီး ဈေးနှုန်း ကျပ် ၅၁၀၀၀ဝ  ရှိနေပါသည်။   မြောင်းမြခရိုင်အတွင်းရှိ တချို့မြို့နယ်များတွင် ဒေသအခေါ် ကွင်းဈေး အစိုပေါင်၅၀ဆန်စက်အရောက် ကျပ် ၆၂၀၀၀ဝ ရှိနေပြီး အခြောက်ခံပြီးစပါး ၅၅ပေါင်းကို ဆန်စက် အရောက်ဈေးနှုန်းမှာ ကျပ် ၅၈၀၀၀ဝ၊ ၄၆ပေါင် ကျပ် ၅၃၀၀၀ဝ ဖြင့် စက်ပိုင်များ မှ ဝယ်ယူလျက် ရှိနေပါသည်။

မအူပင်မြို့နယ်တွင် အခြောက်ခံပြီးကွင်းဈေး ကျပ် ၅၀၀၀၀ဝ နှင့် ဆန်စက်အရောက် ဈေးနှုန်းကျပ် ၅၄၀၀၀ဝ ဖြင့် ရောင်းဝယ်လျက်ရှိနေပါသည်။ တချို့တောင်သူများသည် စပါး အမျိုးအစားလိုက်၍ မျိုးစပါးအဖြစ်ပြန်လည်ရောင်း ချနေကြပါသည်။

ဖျာပုံခရိုင်ရှိ ဖျာပုံ၊ကျိုက်လတ်၊ဒေးဒရဲမြို့နယ်များတွင်ဆန်စက်အရောက် ကျပ် ၆၁၀၀၀ဝ - ၆၃၀၀၀ဝ ရှိပြီး ယခုရက်တွင် ရာသီဥတုမကောင်းသဖြင့် စပါးရိတ်သိမ်းမှုအခက်အခဲရှိနေပြီးဈေးကွက်သို့ အနည်းငယ်သာ ရောက်သည်ဟု သိရှိရပြီး ဈေးကွက်အနေဖြင့် တနင်္သာရီတိုင်း မြိတ်မြိုနယ်ရှိကုန်သည်များမှ ကမ်းရိုးတန်းသင်္ဘာများဖြင့် နှစ်စဉ်လာရောက်ဝယ်ယူမှု ရှိပါသည်။

ဈေးကွက်အခြေအနေမှာ ယခုရက်ပိုင်းကာလများတွင် ရာသီဥတုမကောင်းသဖြင့် စပါး များအခြောက် လှန်းရန်အခက်အခဲရှိနေခြင်း၊ COVID-19ရောဂါဖြစ်စဉ်များကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေခြင်း၊   စပါးဝယ်ယူပြီး ကြိတ်ခွဲအင်အားနည်းပါးနေခြင်း၊ စက်ပိုင်များမှ ဝယ်ယူ ပြီးကြိတ်ခွဲထားသော ဆန်များကို ဈေးကွက်သို့ရောင်းချ ရန်ဈေးကွက်မရှိသောကြောင့် စပါးဈေးနှုန်းမှာ အတက်အကျမရှိ တည်ငြိမ်လျက် ရှိနေပါသည်။

ဧရာကုန်သွယ်မှုဗဟိုဌာန