Main menu

Background

မြန်မာမှတရုတ်သို့တင်ပို့သစ်သီးဝလံအခြေအနေ

Thu, 11/05/2020 - 15:44 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ သစ်သီးဝလံများ တင်ပို့လျှက်ရှိရာ အောက်တိုဘာလအတွင်း  ဖရဲ ၁၄၀၃၈ ဒသမ ၅ တန်နှင့် သခွားမွေး ၇၆ ဒသမ ၅ တန် တင်ပို့နိုင်ခဲ့သည်။

 အောက်တိုဘာလ ပထမပတ်တွင် ဖရဲသီး ၁၅၄၃ တန်နှင့် သခွားမွေး ၃၀ ဒသမ  ၅ တန်၊ ဒုတိယပတ်တွင် ဖရဲသီး ၂၄၅၈ တန်နှင့် သခွားမွေး ၃၇ ဒသမ ၅ တန်၊ တတိယပတ်တွင် ဖရဲသီး ၃၃၂၇ ဒသမ ၅ တန်နှင့် သခွားမွေး ၈ ဒသမ ၅ တန်၊ နောက်ဆုံးပတ်တွင် ဖရဲသီး၆၇၁၀ တန် တင်ပို့နိုင်ပါသဖြင့် နောက်ဆုံးပတ်တွင်  ဖရဲသီး ၃၃၈၂ ဒသမ ၅ တန်ပိုမိုတင်ပို့နိုင်ပြီး၊ သခွားမွေးတင်ပို့မှုမှာ ပထမပတ်အတွင်း ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ အရာင်းအဝယ်ဖြစ်ခဲ့သော ဖရဲဈေး နှုန်းမှာ ပထမပတ်တွင် ဖရဲသီးတစ်တန်ယွမ် ၁၂၀ဝ မှ ၂၆၀ဝ ဖြစ်ပြီး  ဒုတိယပတ်တွင် ဖရဲသီးတစ်တန်ယွမ် ၁၅၀ဝ မှ ၃၄၀ဝ သို့ အနည်းငယ်တက်လာပါသည်။ တတိယပတ်တွင် ဖရဲသီးတစ်တန်ယွမ် ၁၃၀ဝ မှ ၃၀ဝ၀ ထိ ကျဆင်းလာပြီး ၂၂.၁၀.၂၀၂၀ ရက်တွင် ဖရဲသီးတစ်တန် ယွမ် ၁၀ဝ၀ မှ ၂၂၀ဝ သို့ ထပ်မံကျဆင်းလာပါသည်။ ၂၄.၁၀.၂၀၂၀ ရက်တွင် ဖရဲသီး(၁)တန် ယွမ် ၁၀ဝ၀ မှ ၂၄၀ဝ၊ ၃၀.၁၀.၂၀၂၀ ရက်နေ့တွင် ယွမ် ၁၀ဝ၀ မှ ၂၅၀ဝ မြန်မာငွေ ကျပ် ၄၈၂၅၀ဝ သို့ အနည်းငယ်ပြန် တက်လာပါသည်။ သခွားမွေးဈေးနှုန်းမှာ တစ်တန် ယွမ် ၁၅၀ဝ မှ ၃၀ဝ၀ မြန်မာငွေ ကျပ် ၅၈၂၀ဝ၀ မှ ၁၅.၁၀.၂၀၂၀ ရက်နေ့တွင် တစ်တန် ယွမ် ၁၅၀ဝ မှ ၃၂၀၀ မြန်မာငွေ  ကျပ် ၆၀၈၀ဝ၀ သို့ တက်လာပါသည်။ငွေဈေး မှာ တစ်ယွမ်လျှင် မြန်မာငွေ ၁၉၃ ကျပ်ဝန်းကျင်ဖြစ်ကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင်မှ သိရှိရပါသည်။

၂၉.၃.၂၀၂၀ ရက်မှစ၍ ယနေ့ထိတရုတ်ပြည်တွင်းလူဝင်ထွက်မှု ကန့်သတ်စနစ်ကြောင့် သစ်သီးကားများ တရုတ်နိုင်ငံ (ဝမ်တိန်)ကွင်းအထိ သွားရောက်ရောင်းချနေရဆဲဖြစ်သလို သစ်သီးကား ဒရိုင်ဘာများကို ဝင်ခွင့်မပြုဘဲ တရုတ်ဖက် မှရွေးချယ်ထားသော  ယာဉ်မောင်းများဖြင့်သာ အဝင်အထွက် ပြုလုပ်နေရသည် မှာလည်း ၂၀.၄.၂၀၂၀ ရက်မှစ၍ ယနေ့အထိဖြစ်သည်။

တရုတ်ဝင်ပေါက် ကျင်ဆန်းကျော့ဂိတ် ပိတ်ချိန်ကို ယခင် မြန်မာစံတော်ချိန်  ည(၈:၃၀)အထိ  ခွင့်ပြုပေးထားရာမှ ဇွန် ၂ ရက်မှစ၍ ညနေ(၄:၃၀)သို့  ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း သစ်သီးကားများ အဝင်နည်းခြင်းကြောင့်  ယာဉ်ကြောပိတ်ဆို့မှုမရှိကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ   သတင်းရရှိပါ သည်။

 နေမျိုးထိုက်ကျော် (မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန)