Main menu

Background

မွန်ပြည်နယ်တွင် (မိုးစပါး)ကောက်စောစပါးများစတင်ထွက်ရှိ

Fri, 11/06/2020 - 11:00 -- journal_editor

မွန်ပြည်နယ်အတွင်း ၂၀၂၀ ပြည့်နှစ်  အောက်တိုဘာလ စတုတ္ထပတ်မှ စတင်၍မိုးစပါး (ကောက်စောစပါး)များစတင်ထွက်ရှိနေပြီဖြစ်ပါသည်။ပြည်နယ်တစ်ခုလုံး၏မိုးစပါး စိုက်ဧက     ၆၈၅၅၇၉ အနက် ၁၈၃၃ ဧကရိတ်သိမ်းထွက်ရှိပြီး စပါးအထွက်ရာခိုင်နှုန်းမှာ တစ်ဧက ၆၂ ဒသမ ၁၁ ရာခိုင်နှုန်းရှိကာ အထွက်တင်း ၁၁၃၈၄၁ ထွက်ရှိနေပြီဖြစ်ပါသည်။ ဈေးနှုန်းအနေ ဖြင့်ပေါ်ဆန်း စပါး(အသစ်)(၄၆)ပေါင်တင်း ၁၀၀ လျှင် ကျပ် ၆၄၄၀၀၀၊ ပေါ်ဆန်း (ဆန်အသစ်) ၂၄ပြည် ပါ တစ်အိတ်လျှင် ကျပ် ၃၁၅၀၀၊ ဧည့်မထ(စပါးအသစ်) (၄၆)ပေါင်တင်း ၁၀၀ ကျပ် ၅၂၄၄၀၀၊ ဧည့်မထဆန်(အသစ်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၂၂၀၀၀ ဖြစ်ပေါ်နေ ကြောင်းသိရှိရပါသည်။

ငြိမ်းမြတ်ကျော် ( မွန် )