Main menu

Background

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲ တန်ချိန် ခုနစ်သောင်းကျော်တင်ပို့

Thu, 11/12/2020 - 14:21 -- journal_editor

အောက်တိုဘာ ၃၁ ရက်မှနိုဝင်ဘာ ၆ ရက်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်များမှ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်တန်ချိန် ၂၂၁၀၀ ခန့်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၃၅၀ ခန့် စုစုပေါင်း တန်ချိန် ၂၂၄၅၀ နီးပါးတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈ ဒသမ ၇၇၁ သန်းတင်ပို့ခဲ့ကြောင်း သိရသည်။  မြဝတီကုန်သွယ်ရေးဇုန် မှလည်း အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းတန်ဖိုးရှိ ဆန်မှုန့်တန်ချိန် ၇၉၀ ခန့်တင်ပို့နိုင်ခဲ့ပါ သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန်၈၀၀၀ နီးပါးပိုမိုတင်ပို့နိုင် ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ်ဆန်ကွဲတင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ တန်ချိန် ၆၀၀၀ ခန့်နှင့် မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်မှ ဆန်ကွဲတန်ချိန် ၃၀၀ နီးပါးစုစုပေါင်း တန်ချိန် ၆၃၀၀ နီးပါး၊ တန်ဖိုးအားဖြင့် ၂ ဒသမ ၁၈၅ ဒေါ်လာသန်းတင်ပို့နိုင် ကြောင်း သိရသည်။  ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတင်ပို့နိုင်မှုတန်ချိန် ၁၉၀၀ ကျော်ပိုမိုပါသည်။

နိုဝင်ဘာ ၁ ရက်မှ ၇ ရက်နေ့ကာလအတွင်း ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၄၅ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၅၉၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၄၅၉၀ ခန့်၊ အီးယူနိုင်ငံများသို့ ဆန်တန်ချိန် ၃၂၀ နီးပါးနှင့်အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၁၀၄၀ ခန့်တင်ပို့နိုင်ကြောင်း သိရသဖြင့် ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် ဆန် တန်ချိန် ၃၉၀၀ ခန့် ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း သိရပါသည်။

ယခုတစ်ပတ် ပင်လယ်ရေကြောင်းမှ ဆန်ကွဲတင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၈၁၄၅ နှင့် အီးယူနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၅၀၅၅ တင်ပို့နိုင်သဖြင့် စုစုပေါင်းတန်ချိန် ၃၃၂၀၀ နီးပါး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၅၂၃ သန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခင်တစ်ပတ်တင်ပို့နိုင်မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၂၂၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ်ဆန်နှင့်ဆန်ကွဲတင်ပို့မှုစုစုပေါင်းတန်ချိန် ၇၇၈၅၀ ခန့်ရှိသဖြင့်  ကျော်နှင့် ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်ကွဲတန်ချိန် ၃၅၀၀၀ ကျော် ပိုမိုတင်ပို့နိုင် ခဲ့ကြောင်း သိရပါသည်။

အေးအေးသန့်