Main menu

Background

အောင်လံကုန်စည်ဒိုင်တွင် ပဲစင်းငုံစျေးအနည်းငယ်ကျ

Thu, 11/12/2020 - 15:10 -- journal_editor

မ‌ကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစင်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများကျဆင်းလျက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင်နိုဝင်ဘာ ၁၁ ရက်တွင် ပဲစင်းငုံ ထိပ်စ ပိဿာ၂၀ တစ်တင်းလျှင် ကျပ် ၂၈၀ဝ၀ ပဲစင်းငုံအောက်စ ပိဿာ ၂၀တစ်တင်းလျှင် ကျပ် ၂၇၀ဝဝ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

          ယခင်အပတ်တွင် နိုဝင်ဘာ ၄ရက်တွင် ပဲစင်းငုံထိပ်စပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ၂၉၅ဝဝ ပဲစင်းငုံအောက်စပိဿာ ၂၀တစ်တင်းလျှင်ကျပ် ၂၈၅ဝဝ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ပဲစင်းငုံထိပ်စ ပိဿာ ၂၀ တစ်တင်းလျှင် ကျပ် ၁၅ဝဝ နှင့် ပဲစင်းငုံအောက်စပိဿာ၂၀ တစ်တင်းလျှင် ကျပ် ၁၅ဝဝ စီဖြင့် ဈေးကျလျက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

လှမိုးခိုင်(ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)