Main menu

Background

နိုဝင်ဘာလအတွင်း မူဆယ်မှ တရုတ်သို့သစ်သီးဝလံတင်ပို့မှုအခြေအနေ

Thu, 11/12/2020 - 15:54 -- journal_editor

မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတရုတ်နိုင်ငံသို့နေ့စဉ်သစ်သီးဝလံများတင်ပို့လျက်ရှိရာနိုဝင်ဘာ ၁ ရက်မှ ၁၀ ရက်ထိ သခွားမွေးတင်ပို့မှု(လုံးဝ)မရှိသော်လည်း၊ ဖရဲသီးတင်ပို့မှု ၅၂၆ စီး၊ ၇၇၉၁ တန် တင်ပို့နိုင်ခဲ့သည်။

အောက်တိုဘာလ နောက်ဆုံးပတ် ဖရဲသီးတင်ပို့မှုမှာ ၆၇၁၀ တန်ဖြစ်ပြီး နိုဝင်ဘာလ ပထမပတ် (၁.၁၁.၂၀၂၀ မှ ၇.၁၁.၂၀၂၀)ရက်ထိ တင်ပို့မှုမှာ ၅၅၅၆ ဒသမ ၅၀ တန်ဖြစ်သဖြင့် နိုဝင်ဘာလပထမပတ် တင်ပို့မှု ၁၁၅၃ ဒသမ ၅တန် လျှော့နည်းခဲ့သည်။

ဖရဲသီးဈေးနှုန်းမှာ အောက်တိုဘာလ နောက်ဆုံးပတ်တွင် တစ်တန်ယွမ် ၁၀ဝ၀ မှ ၂၅၀ဝ ဖြစ်ပြီး (၄.၁၁.၂၀၂၀)ရက်တွင် တစ်တန် ယွမ် ၁၀ဝ၀ မှ ၃၅၀ဝ၊ (၅.၁၁.၂၀၂၀)ရက်တွင် တစ်တန်ယွမ် ၁၀ဝ၀ မှ ၄၀ဝ၀၊ (၇.၁၁.၂၀၂၀)ရက်တွင် တစ်တန်ယွမ်  ၁၅၀ဝ မှ ၄၅၀ဝ၊ (၈.၁၁.၂၀၂၀)ရက်တွင် တစ်တန်ယွမ် ၁၅၀ဝ မှ  ၄၇၀ဝ သို့ အသီးသီးတက်လာကာ (၁၀.၁၁.၂၀၂၀)ရက်တွင် တစ်တန်ယွမ် ၁၅၀ဝ မှ ၅၀ဝ၀၊ မြန်မာငွေ ကျပ် ၉၆၅၀ဝ၀ ထိရောင်းရပါသည်။ ငွေဈေးနှုန်းမှာ တစ်ယွမ်လျင် မြန်မာငွေ ၁၉၃ ကျပ်ဝန်းကျင် ဖြစ်ပါသည်။

(၂၉.၃.၂၀၂၀)မှစ၍ ယနေ့ထိတရုတ်ပြည်တွင်းလူဝင်ထွက်မှု ကန့်သတ်စနစ်ကြောင့် သစ်သီးကားများတရုတ်နိုင်ငံ(ဝမ်တိန်)ကွင်းအထိ သွားရောက်ရောင်းချနေရဆဲ ဖြစ်သလို သစ်သီးကားဒရိုင်ဘာများကို ဝင်ခွင့်မပြုဘဲ တရုတ်ဖက်မှ ရွေးချယ်ထားသော ယာဉ်မောင်းများဖြင့်သာ အဝင်အထွက်ပြုလုပ်နေရသည်မှာလည်း (၂၀.၄.၂၀၂၀)နေ့မှစ၍ ယနေ့အထိဖြစ်သည်။

တရုတ်ဝင်ပေါက် ကျင်ဆန်းကျော့ဂိတ်ပိတ်ချိန်ကို ယခင်မြန်မာစံတော်ချိန်  ည(၈:၃၀)အထိ  ခွင့်ပြုပေးထားရာမှ ဇွန်လ(၂)ရက်နေ့မှစ၍ ညနေ(၄:၃၀)သို့  ပြောင်းလဲ သတ်မှတ်ခဲ့သော်လည်း သစ်သီးကားများ အဝင်နည်းခြင်းကြောင့်  ယာဉ်ကြောပိတ်ဆို့မှု  မရှိကြောင်းမူဆယ်သစ်သီးဝလံကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

နေမျိုးထိုက်ကျော် (မောဝ်ရွှေလီကုန်သွယ်မှုဗဟိုဌာန)