ထိုင်း၊ ဗီယက်နမ်နဲ့ စင်ကာပူနိုင်ငံမှ မြေဆီများဝင်
အတွဲ(၁၅)အမှတ်(၇)
ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၅၅၁၂၂၀ တန်ဖိုးရှိ မြေသြဇာ ၁၉၀၈ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်ထိုင်းနိုင်ငံမှ ၆၆၀ တန်၊ ဗီယက်နမ်မှ တန် ၁၀၀ နဲ့ စင်ကာပူမှ ၁၁၄၈ တန်တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံမှ အများ ဆုံးဝင်လာခဲ့တယ်လို့ သိရပါတယ်။ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ များဝင်သလို ထိုင်းနိုင်ငံမှ အမိုးနီးယမ်းဆာလဖိတ်များဝင်လာခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်အဝင်နဲ့ယှဉ်ရင် ၂၈၉၉ တန်အဝင်လျော့ ခဲ့တယ်လို့ သိရပါ တယ်။
