ဒီတစ်ပတ်မှာလည်း ရာသီအေးအေးနဲ့ ဈေးကွက်အေးနေဆဲ
အတွဲ(၁၅)အမှတ်(၇)
ဖေဖော်ဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၇ ရက်အတွင်း ပြည်တွင်းကိုရေလမ်းမှ မြေသြဇာတန်ချိန် တစ်ထောင့်ကိုးရာကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် လေးထောင်ရှစ်ရာကျော် ရှိခဲ့တာကြောင့် ယခင်တစ်ပတ်အဝင်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် နှစ်ထောင့်ရှစ်ရာကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှယခုတစ်ပတ် မြေသြဇာအဝင်မှာ တန်ချိန် တစ်သောင်းသုံးထောင့် ခုနစ်ရာကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် တစ်သောင်းငါးထောင့်သုံး ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ထောင်ခြောက်ရာ့ခြောက်ဆယ် ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ်လမ်းမှပါ အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မော်လမြိုင်၊ မန္တလေး၊ တောင်ကြီး၊ မကွေးမှာ မြေသြဇာဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မြေသြဇာအရောင်းအေးပြီး ဒီတစ်ပတ်မှာ ဈေးလည်းငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းတွေမှာပုလဲ-အသေး ၄၆% (ရွှေတုံး၊ရွှေပျား၊ရွှေတောင်-တရုတ်) ၁၉၀၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၄၀၀၀ ကျပ်၊ကွန်ပေါင်း (ပန်းရောင်) (ထိုင်း) ၂၈၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၈၀၀၀ ကျပ်၊ တီစူပါ၄၆% (သံကွင်း-တရုတ်) ၁၈၅၀၀ ကျပ် ၊ တီစူပါ၁၆% (မြားကမ္ဘာ- တရုတ်)၁၁၅၀၀ ကျပ်နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းရရှိခဲ့ပါတယ်။
တောင်ကြီးဈေးကွက်မှာ မြေသြဇာက ဒီတစ်ပတ်မှာအရောင်းအဝယ် အေး သလို ဈေးလည်းငြိမ်နေတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲအရောင်းအဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား(ပန်းဖူး-တရုတ်) ၁၉၃၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၆၀၀ ကျပ်၊ ယူရီးယား(ကမ္ဘာလုံး-တရုတ်) ၁၈၆၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၉၈၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၁၀၇၀၀ ကျပ်၊ တီစူပါ (၁၅း၁၅း၁၅-တရုတ်) ၃၅၀၀၀ ကျပ်၊ ဓာတ်ဆား(တရုတ်) ၁၂၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၅၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၉၅၀၀ ကျပ်၊ မြားကမ္ဘာ ၁၄၃၀၀ ကျပ်ဈေးရှိတယ်လို့ မြေသြဇာအရောင်းဆိုင်မှ စုံစမ်းသိရှိရ ပါတယ်။
မန္တလေးဈေးကွက်မှာ မြေသြဇာကဒီတစ်ပတ်မှာ အရောင်းအဝယ် အေး သလို မြေသြဇာဈေးတွေ ကျလာတယ်လို့ သိရပါတယ်။ ယူရီးယားက ငါးရာကျပ် ဈေးကျသလို တီစူပါက လေးရာကျပ် ဈေးကျလာတယ်လို့ သိရပါတယ်။ ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား(ရွှေတောင်-တရုတ်) ၁၆၉၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်)၁၇၄၀၀ ကျပ်၊ တီစူပါ(GSSP၁၆%-တရုတ်) ၉၁၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%-တရုတ်) ၈၁၀၀ ကျပ်၊ ကွန်ပေါင်း(၁၀း၁၀း၅) ၁၁၉၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါ တယ်။
မကွေးဈေးကွက်မှာ ဒီတစ်ပတ် မြေသြဇာက စိုက်ပျိုးချိန် မရောက်သေး တာကြောင့် အရောင်းအဝယ်က အေး သလို ဈေးကလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ မြားကမ္ဘာ-တရုတ် ၁၂း၁၃(အပြာ၊အစိမ်း) ၁၃၁၀၀ ကျပ်၊ ဆင်(၁၀း၁၀း၅) ၁၃၂၀၀ ကျပ်၊ အာမို(၁၀း၁၀း၅) ၁၅၀၀၀ကျပ်၊ အာမို (၁၅း၁၅း၁၅) ၃၃၀၀၀ ကျပ်၊ အာမို (၁၆း၁၆း၈) ၃၁၂၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၁၈၄၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၈၀၀၀ ကျပ်၊ အောင်ကမ္ဘာ (၁၀း၁၀း၅) ၁၆၀၀၀ ကျပ်၊ပိုတက် ၂၂၈၀၀ ကျပ်၊ တောင်သူမ ၁၃၂၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
