အရောင်းအဝယ်အေးနေသော်လည်း ဈေးအတက်အကျရှိနေတဲ့ မြေသြဇာ
အတွဲ(၁၅)အမှတ်(၁၃)
မတ်လ ၁၅ ရက်မှ မတ်လ ၂၁ ရက်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် ၂၇၀၅ တန်အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၄၀၀ ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၃၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ်မြေသြဇာ အဝင်မှာ တန်ချိန် ၁၄၀၀၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၃၂၃၇၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်၂၉၆၀ ကျော်အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှအဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ လျော့ခဲ့တယ်လို့ သိရပါတယ်။
ပဲခူး၊ မကွေးမှာ မြေသြဇာဈေးငြိမ်ပြီး တောင်ကြီးမှာ ဈေးအတက်အကျ အနည်း ငယ်ဖြင့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဒီတစ်ပတ်မြေသြဇာအရောင်းအေးလို့ ယခင်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ဈေးကွက်ထဲအရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းတွေမှာ ပုလဲ-အသေး ၄၆% (ရွှေတုံး၊ရွှေပျား၊ ရွှေတောင်-တရုတ်) ၁၉၃၀၀ ကျပ်၊ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ၃၄၀၀၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) (ထိုင်း) ၂၈၀၀၀ ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၈၀၀၀ ကျပ်၊ တီစူပါ၄၆% (သံကွင်း-တရုတ်) ၁၈၅၀၀ ကျပ်၊ တီစူပါ၁၆% (မြား ကမ္ဘာ- တရုတ်) ၁၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းရရှိခဲ့ပါ တယ်။
တောင်ကြီးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်အေး ပေမယ့် ဈေး နည်းနည်းတက်လာတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်တဲ့ဈေးမှာ ယူရီးယား (ပန်းဖူး-တရုတ်) ၂၀၀၀၀ ကျပ်၊ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၂၀၀ ကျပ်၊ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၁၉၂၀၀ ကျပ်၊တီစူပါ ၁၂% (တရုတ်) ၁၀၂၀၀ ကျပ်၊ တီစူပါ ၁၆%(တရုတ်) ၁၀၈၀၀ ကျပ်၊တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၅၀၀၀ ကျပ်၊ ဓါတ်ဆား(တရုတ်) ၁၂၅၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၄၀၀၀ ကျပ်၊(ယူအေအီး) ၁၉၀၀၀ ကျပ်၊ မြှားကမ္ဘာ ၁၄၂၀၀ ကျပ်ဈေးရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။
မန္တလေးဈေးကွက်မှာ မြေသြဇာက အရောင်းအဝယ်အေးသလို ဈေးလည်း ငြိမ်နေပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား (ရွှေ တောင်-တရုတ်) ၁၇၈၀၀ ကျပ်၊ယူရီးယား (ပန်းဖူး-တရုတ်) ၁၈၀၀၀ ကျပ်၊ တီစူပါ (TSP-၄၆% -တရုတ်) ၁၇၂၀၀ ကျပ်၊ တီစူပါ (GSSP-၁၆% -တရုတ်) ၉၀၀၀ ကျပ်၊ တီစူပါ (GTSP-၁၂% -တရုတ်) ၈၂၀၀ ကျပ်၊ ကွန်ပေါင်း(၁၀း၁၀း၅) ၁၂၀၀၀ ကျပ် ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရပါ
တယ်။
ရန်ကုန်ဈေးကွက်မှာ ဒီတစ်ပတ်မှာ မြေသြဇာက အရောင်းအဝယ် ပုံမှန်ရှိပြီး ယခင်တစ်ပတ်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား (နေရွက်လှေ-တရုတ်)၂၀၅၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၁၉၅၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်)၁၉၈၀၀ ကျပ်၊ ကွန်ပေါင်း (၁၅း၁၅း၁၅) (နေရွက်လှေ ) ၃၁၅၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါ တယ်။
