Main menu

Background

ကမ္ဘာ့ဝယ်လိုအားကျဆင်းမှုကြောင့် တောင်ကိုရီးယားရဲ့ှုICT ထုတ်ကုန်တင်ပို့မှု ကျဆင်း

Thu, 05/21/2015 - 21:26 -- journal_editor

အတွဲ(၁၅)အမှတ်(၁၈)

ကမ္ဘာ့ICT  လုပ်ငန်းကျဆင်းတဲ့ အတွက် တောင်ကိုရီးယားနိုင်ငံရဲ့  သတင်းအချက်အလက်နဲ့ ဆက်သွယ် ရေးနည်းပညာ ICTထုတ်ကုန်များ တင်ပို့မှုက ဧပြီလကကျဆင်းခဲ့ကြောင်း မေ ၁၁ ရက်ကထုတ်ပြန်တဲ့ အစိုးရရဲ့ အစီရင်ခံစာကိုကိုးကားပြီး ရှင်ဝှာသတင်းမှာဖော်ပြထားပါတယ်။ ချစ်ပ်၊ မိုဘိုင်းဖုန်းနဲ့ တီဗွီတွေအပါအဝင်ICT ထုတ်ကုန်တွေတင်ပို့မှုက ယခင်နှစ် အောက် ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး ဧပြီလမှာ ၁၄ ဒသမ ၃၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ကုန် သွယ်ရေး၊ စက်မှုလုပ်ငန်းနဲ့  စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။
ဧပြီလသွင်းကုန်တန်ဖိုးက ၃ ဒသမ ၉ ရာခိုင်နှုန်း   မြင့်တက်ပြီး ဒေါ်လာ ၇ ဒသမ ၅၇ ဘီလီယံထိ  တိုးတက်ခဲ့တဲ့အတွက် ဧပြီလကုန်သွယ်မှု ပိုငွေက ဒေါ်လာ ၆ ဒသမ ၇၇ ဘီလီယံရှိခဲ့ပါတယ်။ ချစ်ပ်တွေတင်ပို့မှုက ၆ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၁၆ ဘီလီယံရှိခဲ့ပါ တယ်။  ကွန်ပျူတာနဲ့  ကွန်ပျူတာဆက်စပ်ပစ္စည်းတွေတင်ပို့မှုက ၁၈ ဒသမ ၂ ရာခိုင်နှုန်း  မြင့်တက်ပြီး ဧပြီလမှာ ဒေါ်လာသန်း ၆၄၀ ရှိခဲ့ပါတယ်။ စမတ် ဖုန်းအပါအဝင် မိုဘိုင်းဖုန်းတွေတင်ပို့မှု က ၄ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး ဧပြီမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၃ ရာခိုင်နှုန်းဘီလီယံရှိခဲ့ပါတယ်။ တယ်လီဗီးရှင်းတင်ပို့မှုက ၆ ဒသမ ၅ ရာခိုင်နှုန်း  ကျဆင်းပြီး ဒေါ်လာ ၂ ဒသမ ၂၂ ဘီလီယံထိကျဆင်းခဲ့ပါတယ်။ ဒစ်ဂျစ်တယ်တီဗီတွေတင်ပို့မှုက ၃၆ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရှိခဲ့ပါ တယ်။
ယခုနှစ်အတွင်းကမ္ဘာ့ ှုဃွှ  ဈေးကွက်မှာ  ကျဆင်းခဲ့တဲ့အတွက် ပို့ကုန်ကျဆင်းခဲ့ရတာဖြစ်ကြောင်း ဝန်ကြီးဌာနက ပြော ပါတယ်။ ဈေးကွက် သုတေသနလုပ်ငန်းဂတ်တနာရဲ့ အဆို အရကမ္ဘာ့အိုင်စီတီဈေးကွက်က ၂၀၁၅ ခုနှစ်မှာ ခြောက်နှစ်အတွင်း ပထမအကြိမ်အဖြစ် ကျဆင်းမယ်လို့ဆိုပါတယ်။