Main menu

Background

ဂျပန်နိုင်ငံရှိ တိုယိုတာကားထုတ်လုပ်မှု ကျဆင်းဖွယ်ရှိ

Tue, 12/28/2021 - 10:19 -- journal_editor

ဂျပန်နိုင်ငံရှိ  တိုယိုတာမော်တော် ကားထုတ်လုပ်သည့်   စက်ရုံများသည် ထောက်ပံ့ရေးကွင်းဆက် ပြဿနာများ ၏ သက်ရောက်မှုများကို ရင်ဆိုင်နေ ရခြင်းကြောင့် မော်တော်ကားထုတ်လုပ် မှုများမှာ  အတိုင်းအတာတစ်ခုအထိကျဆင်း လာနိုင်ကြောင်း    ဘီဘီစီ သတင်းဌာန၏  ဖော်ပြချက်အရ သိရ သည်။ ကမ္ဘာတစ်ဝန်းတွင်  ကိုဗစ်(၁၉)ရောဂါ  ဆက်လက်ဖြစ်ပွားနေခြင်း ကြောင့် အာရှရှိ  မော်တော်ကားစက်ရုံ များနှင့်  မော်တော်ကားနှင့်သက်ဆိုင် သည့်အစိတ် အပိုင်း များ ထုတ်လုပ်သည့် စက်ရုံများသည်  လတ်တလောကာလ တွင်  အခက်အခဲပေါင်းများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်။  ထို့ကြောင့် မော်တော်ကားထုတ်လုပ်သည့် စက်ရုံ များအနေဖြင့် ထုတ်လုပ်မှုများ ရပ်တန့် မသွားရေးအတွက် ကျားကန်နေရသည် ဟုဆိုသည်။
ယင်း အခြေအနေများကြောင့် ဂျပန်နိုင်ငံရှိ တိုယိုတာ မော်တော်ကား ထုတ်လုပ်သည့်  စက်ရုံများတွင် ဇိမ်ခံ ကားများဖြစ်သည့် လန်ခရူဇာကားနှင့် လက်ဆက်ဇ်ကားများ၏  ထုတ်လုပ်မှု မှာ    လျော့ကျလာဖွယ်ရှိနေပြီး  ယခု ဒီဇင်ဘာလ တွင် နှစ်မျိုးပေါင်း အစီးရေ ၁၄၀ဝ၀ ခန့်အထိ  လျော့ကျဖွယ်ရှိနေ ကြောင်း တိုယိုတာက ခန့်မှန်းထားသည် ဟု သိရသည်။လက်ရှိအချိန်တွင် ဂျပန်နိုင်ငံရှိ တိုယိုတာ မော်တော်ကား ထုတ်လုပ်မှု ကုမ္ပဏီအချို့  ရပ်တန့်ရမည့်  အခြေ အနေ များဖြင့်    ရင်ဆိုင်နေရသည်။ သို့သော် တိုယိုတာကုမ္ပဏီက မိမိတို့၏ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု ရည်မှန်း ချက်ကိုပြည့်မီရန် ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ပြီး  လက်ရှိရင်ဆိုင်နေရ သည့်  အခက်အခဲများကို  အနီးကပ်စောင့်ကြည့် ဖြေရှင်း သွားမည်ဟု သတင်း တွင် ဖော်ပြထားသည်။

Source: BBC News