Main menu

Background

ဖူလ်ဟမ်အသင်း ပရီးမီးယားလိဂ်သို့ တိုက်ရိုက် တန်းတက်ခွင့်ရရှိ

Mon, 05/02/2022 - 13:55 -- journal_editor

အင်္ဂလန် ချန်ပီယံရှစ်မှ ဖူလ်ဟမ် အသင်းသည် လာမည့်ရာသီတွင် ပရီး မီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ဖူလ်ဟမ်အသင်းသည် ဧပြီ ၂၀ ရက် နံနက်ပိုင်းက ချန်ပီယံရှစ် ပွဲစဉ် (၄၃)အဖြစ် ပရီစတွန်အသင်းနှင့် အိမ် ကွင်းတွင် ကစားခဲ့ရာ ဖူလ်ဟမ်အသင်း က ၃-ဝ ဂိုးဖြင့်အနိုင်ရခဲ့သည်။ ဖူလ်ဟမ် အသင်းသည် ယခုပွဲစဉ်တွင် မီထရိုဗစ် နှင့်  ကာဗယ်ဟိုတို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။လက်ရှိအချိန်တွင်  ဖူလ်ဟမ် အသင်းသည် ၄၂ ပွဲ  ကစားအပြီး၌ ရမှတ် ၈၆ မှတ် ရရှိထားကာ ပရီးမီးယား လိဂ်သို့ တိုက်ရိုက်တန်းတက်ရန် သေ ချာသွားပြီဖြစ်သလို ချန်ပီယံရှစ်တွင် ချန်ပီယံဖြစ်ရန်လည်း လက်တစ်ကမ်း အလိုသို့ ရောက်ရှိနေပြီဖြစ်သည်။
ဖူလ်ဟမ်အသင်းနည်းပြ မားကို့စ် ဆေးလ်ဗားက ''အသင်းမှာရှိတဲ့ ကစား သမားတွေအတွက် ဂုဏ်ယူမိပါတယ်။ ဒီနှစ်ရာသီမှာ  ကျွန်တော်တို့ ရည်မှန်း ထားတဲ့အတိုင်း ကောင်းမွန်စွာ လုပ် ဆောင်နိုင်ခဲ့ပါတယ်။  ခုချိန်မှာ ပြိုင်ပွဲ မပြီးဆုံးသေးပေမယ့် ပရီးမီးယားလိဂ်ကို တိုက်ရိုက် တန်းတက်နိုင်ခဲ့ပါပြီး။ ဒါ့ပြင် ကျွန်တော်တို့အသင်း  ချန်ပီယံရှစ်မှာ ချန်ပီယံဖြစ်ဖို့လည်း  လက်တစ်ကမ်းပဲ လိုပါတော့တယ်။ ပရီးမီးယားလိဂ်ကို ရောက်ရင်      လက်ရှိလူစာရင်းကိုပဲ အခြေခံပြီး စိန်ခေါ်မှုတွေကို အကောင်း ဆုံး ရင်ဆိုင်သွားမှာပါ''ဟု ပြောဆိုခဲ့ သည်။ ဖူလ်ဟမ်အသင်းသည်  ပြီးခဲ့ သည့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီက ပရီးမီးယားလိဂ်တွင် အဆင့် (၁၈)သာရရှိပြီး ချန်ပီယံရှစ်သို့ တန်းဆင်း သွားခဲ့ရခြင်းဖြစ်သည်။