Main menu

Background

အေဂျက်နည်းပြ အဲရစ်တန်ဟက်ဂ်ကို မန်ယူအသင်း ခေါ်ယူစာချုပ်

Mon, 05/02/2022 - 13:56 -- journal_editor

မန်ယူအသင်းသည် ယာယီနည်းပြ ရင်းနစ်၏နေရာတွင် အစားထိုး ရန် အေဂျက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ကို သုံးနှစ်စာချုပ်ဖြင့် အပြီး သတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။အဆိုပါ အသက်(၅၂)နှစ် ရှိ နယ်သာလန်နိုင်ငံသား အဲရစ်တန်ဟက်စ် သည် လာမည့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီတွင် မန်ယူအသင်းကို စတင် ကိုင်တွယ်မည်ဖြစ်သည်။အခြားတစ်ဖက်တွင် လက်ရှိ မန်ယူအသင်းတွင် ယာယီနည်းပြအဖြစ် ဆောင်ရွက်နေသည့် ရင်းနစ်က မန်ယူအသင်းအနေဖြင့် အသင်းအောင်မြင်မှု ရရှိလိုပါက လာမည့်ရာသီတွင် ကစားသမားသစ် အနည်းဆုံး ၁၀ ဦးခန့် ခေါ်ယူရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။လက်ရှိအချိန်တွင် အသင်းရှိ ကစားသမားများ၏ စွမ်းဆောင်ရည် များမှာ အရှက်ရစရာ အနေအထားမျိုးဖြစ်နေကြောင်း ရင်းနစ်က ထပ်မံ ပြောဆိုလိုက်သည်။လာမည့်ရာသီတွင် မန်ယူအသင်း၌ မိမိရှိနေတော့မည်မဟုတ်ကြောင်း၊ သို့သော် မန်ယူအသင်းအပေါ်ထားရှိသည့် သံယောဇဉ်ကြောင့် အသင်း၏ တိုးတက်မှုကို မြင်တွေ့လိုကြောင်း၊ မန်ယူအသင်းတွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ကစားသမားများ ရှိနေသလို သက်ကြီးကစားသမားများ နှင့် အသင်းမှထွက်ခွာလိုသည့် ကစားသမားများလည်းရှိနေကြောင်း ရင်းနစ် က ပြောဆိုခဲ့ခြင်းဖြစ်သည်။လက်ရှိ  မန်ယူအသင်းတွင် ကစားနေသည့် ပေါ့ဂ်ဘာ၊ လင်ဂတ်၊ မာတစ်၊ ကာဗာနီနှင့် မာတာတို့မှာ လာမည့် အပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ ထွက်ခွာရန် သေချာသလောက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိနေသည်။မန်ယူအသင်း၏ လက်ရှိအနေအထားမှာ အသင်းကြီးတစ်သင်းကဲ့သို့ မဟုတ်ဘဲ ဘက်စုံ၊ ထောင့်စုံ၊ နေရာစုံတွင် လိုအပ်ချက်များ ရှိနေသည်။ သို့ အတွက်ကြောင့် နည်းပြ ခဏခဏ ပြောင်းလဲခြင်းသည် အသင်းတစ်သင်း အတွက် အောင်မြင်ရေးလမ်းကြောင်းမဟုတ်ဘဲ ပြုပြင်ပြောင်းလဲသင့်သည့် ကစားသမားများကို ရဲရဲတင်းတင်း ပြောင်းလဲပြစ်ရမည်ဖြစ်ကြောင်း မန်ယူ အသင်းအပေါ် ဝေဖန်မှုများရှိနေသည်ဟု အင်္ဂလန်မီဒီယာများက ရေးသား ဖော်ပြနေကြသည်။