Main menu

Background

ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် လီဗာပူးနှင့် ရီးယဲလ်တို့ဆုံတွေ့

Fri, 05/20/2022 - 13:05 -- journal_editor

လီဗာပူးအသင်းသည် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ဆီမီးဖိုင် နယ်တွင် စပိန်လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းကို နှစ်ကျော့ပေါင်း ၅-၂ ဂိုးဖြင့် အနိုင်ရရှိပြီး နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ် သည်။လီဗာပူး အသင်းသည်  ချန်ပီယံလိဂ်  ဆီမီးဖိုင်နယ်တွင် ဗီလာရီးယဲလ်အသင်းကို ပထမအကျော့ အိမ်ကွင်းတွင် ၂-ဝ ဂိုးဖြင့် လည်း ကောင်း၊ ဒုတိယအကျော့ အဝေး ကွင်းတွင် ၂-၃ဂိုးဖြင့်လည်းကောင်း၊ နှစ်ကျော့ပေါင်း ၅-၂ ဂိုးဖြင့် အနိုင် ရရှိကာ    နောက်ဆုံ းဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန် တက်ရောက် နိုင်ခဲ့ခြင်းဖြစ်သည်။အခြားတစ်ဖက်တွင်  စပိန် လာလီဂါ  ထိပ်သီးကလပ် ရီးယဲလ် မက်ဒရစ်အသင်းသည် ပရီးမီးယား လိဂ်ကလပ် မန်စီးတီးအသင်းနှင့် ကစားခဲ့ရာ ပထမအကျော့ အဝေး ကွင်းတွင် မန်စီးတီးအသင်းကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယ အကျော့ အိမ်ကွင်းတွင် ၂-၁ ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့ရာမှ အချိန်ပို ဆက်လက်ကစားရာ ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ခြင်းကြောင့်  နှစ်ကျော့ ပေါင်း ၆-၅ ဂိုဖြင့်  အနိုင်ရရှိပြီး ချန်ပီယံလိ်ဂ် နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ လီဗာပူးအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့သည် ၂၀၁၇-၂၀၁၈ ဘောလုံးရာသီကလည်း ချန်ပီယံလိဂ် နောက်ဆုံးဗိုလ်လုပွဲတွင် ဆုံတွေ့ခဲ့ဖူးသည်။ ယင်းပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းက လီဗာပူး အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ချန်ပီယံဖြစ်ခဲ့သည်။