Main menu

Background

ဗီယက်နမ်နိုင်ငံ ဗီဇာစည်းကမ်းသတ်မှတ်ချက်တွေ လျှော့ချမည်

Thu, 07/31/2014 - 09:01 -- ydnar

 

ဗီယက်နမ်နိုင်ငံကို နိုင်ငံခြားသား တွေပိုမိုဝင်ရောက်လာအောင်ဆွဲဆောင် ဖို့အတွက် မြောက်အမေရိက၊ ဥရောပ၊ တရုတ် (တိုင်ပေ)၊ ဟောင်ကောင်နဲ့ သြ စတြေးလျနိုင်ငံတွေမှာရှိတဲ့ ခရီးသညိ တွေအတွက် ဗီဇာကင်းလွတ်ခွင့်တွေ ပိုမို ရရှိဖို့နဲ့ ဗီဇာ လွတ်နေထိုင်ခွင့် ကာလတိုးချဲ့ပေးဖို့ ဗီယက်နမ်အမျိုးသား ခရီးသွားလုပ်ငန်း အုပ်ချုပ်ရေး အဖွဲ့က အာဏာပိုင်တွေထံကို တင်ပြ သွား  ဖို့ ရှိကြောင်း ဗီယက်နမ် သတင်းအေဂျင်စီ ရဲ့ သတင်းမှာဖော်ပြထားပါတယ်။

ဗီယက်နမ်ပြည်တွင်းရှိ ခရီးသွား လုပ်ငန်းနဲ့ ကုန်သွယ်မှုအေဂျင်စီတွေ၊ ခရီးသွားလုပ်ငန်း အော်ပရေတာတွေ၊ သယ်ယူပို့ေ ဆာင်ရေးကုမ္ပဏီတွေ၊ ဟိုတယ်ကြီးတွေနဲ့ ဗီယက်နမ်ရှိ ဥရောပ ကုန်သည်များအသင်းတို့ ဇူလိုင် ၁၀ရက် က ဟနွိုင်း မှာ တွေ့ဆုံေ ဆွးနွေးပြီး နောက်ဒီအဆိုပြုချက်ကို ဗီယက်နမ် အမျိုးသားခရီးသွားလုပ်ငန်းအုပ်ချုပ် ရေးအဖွဲ့ထံတင်ပြခဲ့တာဖြစ်ပါတယ်  ဗီဇာ ကင်းလွတ်ခွင့်တွေက အကန့် အသတ်တွေရှိနေတာကြောင့် ခရီးသွား လုပ်ငန်းကို တိုးမြှင့်သွားဖို့အတွက် နိုင်ငံအများအပြား ပိုမိုပါ ဝင်လာအောင် ဗီဇာကင်းလွတ်ခွင့် အကန့်အသတ် တွေကိုလျှော့ချပေးသွားဖို့လိုအပ်ကြောင်း အစည်းအဝေးမှာ ကျွမ်းကျင် သူတွေ က ပြောပါတယ်။ဆိုက်ရောက်ဗီဇာများမှာပင် ချော ချောမွေ့မွေ့ဖြစ်ဖို့အတွက် စာရွက်စာ တမ်းတွေကို ကြိုတင်ဖြည့် ရတဲ့ အတွက် ရှုပ်ထွေး ခက်ခဲမှုတွေရှိေ ကြာင်း အစည်း အဝေးမှာ တင်ပြဆွေးနွေးကြပါတယ်။ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ နော်ဝေ၊ ရုရှား၊ ဂျပန်နဲ့ တောင်ကိုရီးယားကလာ တဲ့ နိုင်ငံသားတွေအတွက် ဗီဇာလွတ် နေထိုင်ခွင့်ကို ၁၅ရက်မှ ၃၀ရက်အထိ တိုးပေးမယ့် အလား အလာတွေရှိပါတယ်။ဆိုက်ရောက်ဗီဇာလုပ်ထုံးလုပ် နည်းတွေကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ဖို့နဲ့ အီလက် ထရွန်နစ် ဗီဇာကို စတင်အသုံးပြုဖို့ ဗီယက်နမ်အမျိုး သားခရီးသွားလုပ်ငန်းအုပ်ချုပ်ရေးအဖွဲ့ ကအစိုးရကို တိုက်တွန်း ထားပါတယ် ဗီယက်နမ်နို င်ငံက နိုင်ငံအတွင်း သို့ ဗီဇာလွတ်ဝင်ရောက် ခွင့်ကို နိုင်ငံ ပေါင်း၁ ၇နိုင်ငံကိုခွင့်ပြု ထားသော် လည်း နေထိုင်ခွင့်ရတဲ့အချိန်က အမျိုးမျိုး ကွဲ ပြားပါတယ်။ ကမ္ဘောဒီးယား၊ အင်ဒိုနီး ရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း နဲ့ ကာဇက်စတန်က ခရီးသည်တွေက ဗီဇာလွတ်နေထိုင်ခွင့် ရက် ၃၀ရပါ တယ်။ ဖိလစ်ပိုင်နိုင်ငံသားတွေက ၂၁ ရက်၊ ဘရူနိုင်း နဲ့ မြန်မာက ၁၄ရက်ရပါတယ်။ ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေ၊ ဆွီ ဒင်၊ ရုရှား၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ က ၁၅ရက်ရကြပါတယ်။