စမတ်ဖုန်းများထိုးဖောက်ဝင် ရောက်မှုရဲ့အားပေးမှုကြောင့် စင်ကာပူ နိုင်ငံမှာအီးကောမတ်ကို လူကြိုက်များလာကြောင်း စီအင်န်အေသတင်းဌာနကပြောပါတယ်။အွန်လိုင်းဖောက်သည်တွေရဲ့ အမှာစာပမာဏတစ်စတစ်စကြီးထွားလာ တာက ထောက် ပံ့ပို့ဆောင်ရေးနဲ့ ဖြန့် ဖြူးရေးလုပ်ငန်း ကွင်းဆက်အဆင့်ဆင့် စီမံခန့်ခွဲမှုအတွက် ဝယ်လိုအားကို မြင့် တက်စေပါတယ်။ ဒါ့ပြင် ဒီလို ဖွံ့ဖြိုးလာတဲ့အခွင့်အလမ်းကို အရအမိဖမ်းကိုင် နိုင်ဖို့အတွက် စင်ကာပူထောက်ပံ့ပို့ ဆောင်ရေးလုပ်ငန်းတွေက အီးကော မတ် အခြေခံ အဆောက်အအုံ တည် ဆောက်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့လိုတယ် လို့ လုပ်ငန်းကိုလေ့လာစောင့်ကြည့်နေ သူတွေ က ပြော ပါတယ်။
ယခင်နှစ်က စီးပွားရေးလုပ်ငန်း အုပ်စုရဲ့၂၆ရာခိုင်နှုန်းကိုအီးကောမတ်နဲ့ ဆောင်ရွက်ခဲ့တဲ့SingPost ကအီး ကောမတ်လှိုင်း ကို စီးပြီး လိုက်ပါနိုင်ဖို့ အစီအမံတွေကို ချမှတ်ဆောင်ရွက် လျက်ရှိပါတယ်။ ပြီးတော့ သူ့ရဲ့ဝန် ဆောင်မှုလုပ်ငန်းတွေမှာ သိုလောင်မှုနဲ့ အွန်လိုင်းအမှာစာတွေကို ဖြည့်ဆည်း ပေးမယ့် ဝန်ဆောင်မှုတွေကိုလည်း တိုး ချဲ့ဆောင်ရွက်လျက်ရှိပါတယ်။ ''အာရှပစိဖိတ်ေ ဒသတစ်ဝန်းမှာကျွန်တော်တို့ရဲ့အီးကောမတ် ဖောက်သည်က ၆၀၀ နီးပါးအထိခိုင်ခိုင်မာမာရှိလာပါပြီ''လို့ SingPost ရဲ့ အကြီးတန်း ဒုတိယဥက္ကဋ္ဌ မာဆဲလိုဝက်ဆဲလာ က ပြောပါတယ်။
ဝင်စာတွေကို အမျိုးအစားခွဲတဲ့ စက်တွေကိုတပ်ဆင်ဖို့အတွက်စင်ကာပူ ဒေါ်လာ၄၅သန်းရင်းနှီးမြှုပ်နှံပြီးSingPost က သူ့ရဲ့ အခြေခံ အဆောက် အအုံကို တိုးမြှင့်ပေးခဲ့ပါတယ်။ တစ်စ တစ်စ တိုးတက်လာတဲ့ ဝယ်လိုအားကို ဖြည့်ဆည်းဖို့ အတွက်လည်း စနေနေ့တိုင်းမှာပါဆယ်ဖြန့်ဝေမှုလုပ်ငန်းကို ဆောင်ရွက်ပေးနေပါတယ်။အီးကောမတ်ရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းပေးဖို့ အတွက် စင်ကာပူမှာရှိတဲ့ တခြား ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေကသူတို့ရဲ့အခြေခံအဆောက်အအုံနဲ့ဝန်ဆောင်မှုတွေကို ပြုပြ င်ပြောင်း လဲ ဖို့ လိုတယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။
''နိုင်ငံအတွင်းမှာပဲဖြစ်ဖြစ်၊ တိုက် အတွင်းမှာပဲဖြစ်ဖြစ် သယ်ယူပို့ဆောင် ရေး နယ်ပယ်အသီးသီးမှာ အီးကော မတ်စ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေရှိဖို့လိုပါတယ်။ဒုတိယအဆင့်အဖြစ်သိုလောင်ရုံတွေအများကြီးလိုမှာဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့ နောက်ဆုံးပေါ်အီးကောမတ်စ်ကိုသုံးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အာရှဒေသမှာ အီးကောမတ်က လာမယ့်လေးနှ စ်အ ထိ နစ်ထပ်တိုး ၂၉ရာခိုင်နှုန်းနဲ့တိုးတက်လာလိမ့်မယ်လို့ဈေးကွက်လေ့လာ သူတွေက ပြောပါတယ်''လို့DBS ဘဏ်ရဲ့ဒုတိယ ဥက္ကဋ္ဌ ဆာချင်မစ်တယ်က ပြောပါတယ်။