Main menu

Background

ဆိပ်ကမ်းပြည့်ကျပ်ပိတ်ဆို့မှုကြောင့် ဖိလစ်ပိုင် ပို့ကုန်တွေရဲ့ ယှဉ်ပြိုင်မှုစွမ်းရည်ကျ

Thu, 07/31/2014 - 09:10 -- ydnar

 

မနီလာဆိပ်ကမ်းတွေမှာဆိပ်ကမ်းပြည့်ကျပ်ပိတ်ဆို့မှုနဲ့ သင်္ဘောတင် ပို့ရာမှာကြန့်ကြာမှုတွေကြောင့်ဖိလစ်ပိုင် ပို့ကုန်လုပ်ငန်းရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကို အများကြီး ကျဆင်းစေကြောင်း ဖီးလ်စတား ဝက်ဘ်ဆိုက်သတင်းမှာ ဖော်ပြပါတယ်။

မနီလာဆိပ်ကမ်းအဆောက်အအုံတွေမှာ ပြည့်ကျပ်ပိတ်ဆို့မှုတွေကအဆမတန်မြင့်မားနေပြီး ''မှန်ကန်တဲ့ ကုစားမှုေ တွ'' ကို ဆောင်ရွက်မပေးဘူးဆိုရင်အခြေအနေကဆိုးသည်ထက်ဆိုးလာလိမ့်မယ်လို့ဖိလစ်ပိုင်ပို့ကုန်ကွန်ဖက်ဒရေးရှင်းကုမ္ပဏီ (Philex port) ရဲ့ ဥက္ကဋ္ဌ ဆာဂျီယိုအာအောတစ်လူဝစ်ဂျူ နီယာကပြောပါတယ်။
ဆိပ်ကမ်းကုန်တင်ကုန်ချမလုပ် နိုင်တဲ့အတွက် ပြဿနာတွေ ရှိနေ ကြောင်းအောတစ်လူးဝစ်ကပြောပါတယ်။ သင်္ဘောနဲ့ တင်ပို့ရာ မှာလုပ်ငန်းတွေကိုရှင်းလင်းဆောင်ရွက်ဖို့အတွက် သာမန်အားဖြင့် ၇၂နာရီသာကြာကြောင်း၊ ဒါပေမဲ့ ကျပ်တည်း ပိတ်ဆို့ တာတွေ ရှိ နေတဲ့အတွက်ရှင်းလင်းရေးက၁၅ရက် ကနေ ရက် ၃၀အထိ ကြာတတ် ကြောင်းဖိလစ်ပိုင်အစားအစာဆင့် တက်ပြုပြင်သူများ နဲ့ ပို့ကုန်လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ရောဘတ်အာမိုက ပြောပါတယ်။
ဟောင်ကောင်ဆိပ်ကမ်း သို့မဟုတ် တောင်ကိုရီးယားဘူဆန်ဆိပ်ကမ်းတွေမှာလည်းယာဉ်ကြောပိတ်ဆို့မှုတွေရှိပါ တယ် ။ဒါပေမဲ့သူတို့ကပြဿနာကိုကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့အာမိုနီ ကပြောပါတယ်။ဖိလစ်ပိုင်ပို့ကုန်လုပ် ငန်းရှင်တွေက ပို့နိုင်သလောက် ကိုသာ ဝယ်လက်တွေကလက်ခံရယူထားပြီး ကျန်တာတွေကို ထိုင်းနိုင်ငံလို တခြား
နေရာတွေကမှာယူဖြည့်တင်းနေကြတဲ့အတွက် အစားအစာပို့ကုန်လုပ်ငန်း ရှင်တွေမှာဆုံးရှုံးမှုတွေဖြစ်ပေါ်နေတယ် လို့ အာမိုရီ ကပြောပါတယ် အစားအစာလုပ်ငန်းတွေမှာ ဆုံး ရှုံးမှုတွေနဲ့ ရင်ဆိုင်တွေ့ကြုံနေရပါတယ်။ နမူနာအားဖြင့် အကြာကြီးေ စာင့်နေရ တဲ့အတွက်ပျက်စီးတာတွေဖြစ်လာပြီး လတ်ဆတ်တဲ့အစား အစာထုတ်လုပ် သူ တွေကအမှာ စာကိုတင်ပို့တဲ့ အခါရာနှု န်း ပြည့်ရောက်အောင်တင်ပို့နိုင်ခြင်းမရှိ ပါဘူး။တချို့ဆိုရင်ကုန်ကျစရိတ်ပိုများ တဲ့လေကြောင်းသယ်ယူပို့ဆောင်ရေးကိုသုံးပြီး သတ် မှတ်ရက်အမီပို့နိုင်အောင် ဆောင်ရွက်ရတဲ့အတွက်ကုန်ကျစရိတ် ထပ်မံမြင့်တက်ပါတယ်။သူတို့ကြုံ တွေ့ရသလို တခြားနိုင်ငံတွေ မှာ မကြုံ တွေ့ရတဲ့အတွက် ပို့ကုန်ဈေးနှုန်းတွေ ကိုလည်း သူတို့ကထပ်ပြီးတင်လို့မရဘဲ ရှိနေပါတယ်။