Main menu

Background

တရုတ်နိုင်ငံတွင် သန့်စင်ပြီးရေနံထွက်ကုန် ထုတ်လုပ်မှုများ ကျဆင်;

Fri, 05/27/2022 - 10:52 -- journal_editor

တရုတ်နိုင်ငံတွင် လောင်စာဆီများ ဝယ်လိုအားကျဆင်းလာမှုကြောင့် ရေနံသန့်စင်သူများသည်လည်း ၎င်းတို့၏လုပ်ငန်းလည်ပတ်မှုများကို လျှော့ချလိုက်ရာ  ရေနံစိမ်းသန့်စင်ထုတ်လုပ်မှုများ ကျဆင်းခဲ့ရကြောင်းသိရသည်။ ထိုကဲ့သို့သန့်စင်ပြီး ရေနံထွက်ကုန်ထုတ်လုပ်မှုများကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ကိုဗစ်ဂယက်ကြောင့်ဟုဆိုသည်။ကိုဗစ်(၁၉)စည်းမျဉ်းများကြောင့်ရေနံစိမ်းထွက်ရှိမှုသည်ယခုနှစ် မတ်လက ဘစိ၁၃ ဒသမ ၈ သန်း ရှိခဲ့ရာ ၂၀၂၁ ခုနှစ် ဧပြီလက ဘစိ၁၄ ဒသမ ဝ၉သန်းနှင့် နှိုင်းယှဉ်ပါကယခုနှစ်တွင် ၃ ဒသမ ၃ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု တရုတ်နိုင်ငံအမျိုးသားစာရင်းအင်းဗျူရို(NBS) က ဖော်ပြခဲ့သည်။တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာကျသည့်  ရှန်ဟိုင်း မြို့တွင် တစ်လကျော်ကြာလော့ခ်ဒေါင်းချခဲ့မှုနှင့် ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ  ပိတ်ဆို့မှုများစွာ ပြုလုပ်ခဲ့ခြင်း ကြောင့်  သန့်စင်ပြီး ရေနံထွက်ကုန်များအတွက် ဝယ်လိုအား ကျဆင်းသွားခဲ့ရခြင်းဖြစ်သည်။  ထိုကဲ့သို့  အခြေအနေများတွင် ဓာတ်ဆီနှင့်  လေယာဉ်လောင်စာဆီများ၏  ဝယ်လိုအားကို ဆိုးရွားစွာ ထိခိုက်ခဲ့ရသည်။ တရုတ်နိုင်ငံတွင် လောင်စာဆီရောင်းချရမှု နှေးကွေးခြင်း နှင့် သိုလှောင်မှု များပြားလာခြင်းတို့ကြောင့် ဈေးကွက်ဟန်ချက်ညီ အောင် ထိန်းရန်အတွက် နိုင်ငံပိုင်ရေနံချက်လုပ်သည့် Sinopec က ၂၀၂၂ ခုနှစ် အစောပိုင်းကပင် ၎င်း၏ လုပ်ငန်းစွမ်းဆောင် ရည်များကို ၉၂ ဒသမ ၅ ရာခိုင်နှုန်းမှ  ၈၆ ရာခိုင်နှုန်းသို့ လျှော့ချ လိုက်သည်။ ထို့ပြင် ပုဂ္ဂလိကထုတ်လုပ်သူများအနေဖြင့်လည်း ၎င်းတို့ ၏ထုတ်လုပ်မှုများကို ထက်ဝက်ခန့်အထိ လျှော့ချခဲ့ကြသည်။ လက်ရှိအချိန်တွင် လောင်စာဆီဝယ်လိုအား  သိသိသာသာ ကျဆင်းနေခြင်းကြောင့် သန့်စင်စက်ရုံများ လုံးဝရပ်တန့်သွားနိုင် ကြောင်း   Shandong အခြေစိုက် သန့်စင်စက်နှင့် ကုန်သွယ်မှုမန်နေဂျာတစ်ဦးကပြောသည်။ကိုဗစ်(၁၉)နောက်ဆက်တွဲဂယက်များကြောင့် စက်ရုံများ င့်အရောင်းပြခန်းများအချို့ကို ပိတ်ထားခဲ့ရာဧပြီလအတွက် တရုတ်နိုင်ငံ၏ မော်တော်ကားရောင်းချရမှုမှာ ယမန်နှစ်ကထက် ၄၈ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ရသည်။ ထို့ပြင်ယခုနှစ် ပထမ လေးလပတ်အတွင်းကမ္ဘာ့အကြီးဆုံး မော်တော်ကားဈေးကွက်တွင် ယခင်နှစ်ကာလတူထက် ၁၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ သည်ဟုဆိုသည်။                                          
 Ref; Xinhua