Main menu

Background

ပင်လယ်ရေလမ်းမှ မြေသြဇာများအဝင်လျော့လာ

Fri, 07/18/2014 - 07:58 -- ydnar

 

သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန်လ ၂၉ ရက်မှ ဇူလိုင် ၅ ရက် သီတင်းပတ်အတွင်း  ကန်ဒေါ်လာ ငါးသိန်းေ ကျာ်တန်ဖိုး ရှိ မြေသြဇာ ၂၁၀၈ ဒသမ၁၃၇တန်ကိုပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ကွန်ပေါင်းနဲ့ သြဂဲနစ်မြေသြဇာများအများဆုံးတင်သွင်းလာတယ်လို့ သိရပါတယ်။

ဒီတစ်ပတ်တင်သွင်းခဲ့တဲ့နိုင်ငံနဲ့ တန်ချိန်များ မှာ မလေး ရှားနိုင်ငံမှ မြေသြဇာ ၆၃၂ ဒသမ ၂ တန်၊ ထိုင်းနိုင်ငံမှ မြေသြဇာတန်ချိန် ၄၈၀၊ စင်ကာပူနိုင်ငံမှ မြေသြဇာ တန်ချိန် ၃၉၀ ၊ အီတလီနိုင်ငံမှ မြေသြဇာ ၁၅၀ ဒသမ ၀၈၇ တန်၊ ကိုရီးယားနိုင်ငံမှ မြေသြဇာ ၁၃ ဒသမ ၈၅ တန်၊ အင်ဒိုနီးရှားနို င်ငံမှ မြေသြဇာ တန်ချိန် ၂၅၀ ၊ အိန္ဒိယနိုင်ငံမှ မြေသြဇာ၂၄တန်၊ ဗီယက်နမ်နိုင်ငံမှ မြေသြဇာ ၁၆၈ တန်တင်သွ င်းခဲ့တယ် လို့သိရ ပါတယ်။ယခင်သီတင်းပတ်မြေသြဇာအဝင်မှာ တန်ချိန်သုံးသောင်းခြောက်ရာ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်၁၅၈၅ကျော်အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။
လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လမှာ မြေသြဇာတန်ချိန် နှစ်သောင်းငါး ထောင်ကျော်ဝင်ခဲ့ပြီး မေလအဝင်မှာ တန်ချိန် တစ်သောင်းခုနစ်ထောင်ကျော်ရှိခဲ့ တာကြောင့် ဇွန်လမှာ တန်ချိန် ခုနစ်ထောင်ကျော်ပိုမိုတင်သွင်းလာခဲ့တယ်လို့ သိရပါ တယ်